ပြည်သူလူထုက သတင်းပေးလို့လည်း အကြမ်းဖက်နှိမ်နင်းရေးတွေက အောင်မြင်လာတာ

တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေအား ဆက်သွယ် မေးမြန်းခြင်း . . . 

၂၀၂၆ ၊ နိုဝင်ဘာ ၅

    နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာအရေးများကို လေ့လာသုံးသပ်နေသူ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ(တစည)မှ တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဆွေအား ဆက်သွယ်၍  မကွေးတိုင်းအပါအဝင် အညာဒေသ၏ အခြေအနေ၊ အကြမ်းဖက်မှုဖြစ်စဉ် တွေနဲ့ ပဋိပက္ခအခြေအနေတို့ကို မေးမြန်းထားပါသည်။

TREND ။        ။ လက်ရှိ အညာဒေသရဲ့မြေပြင် အခြေအနေတွေအပေါ် ဘယ်လိုသုံးသပ်ချင်လဲ၊ အကြမ်းဖက်ဖြစ်စဉ်တွေ၊ အကြမ်းဖက်အင်အားတွေ လျော့နည်းသွားပြီလား ၊တည်ငြိမ်နေပြီလို့ ဆိုရမလား။
Dr.KS    ။    ။ ၂
၀၂၁ နောက်ပိုင်း ကျွန်တော်တို့ ဘက်တွေမှာကတော့ ဆန္ဒပြပွဲလေးတွေကနေ စုစည်းပြီးတော့ လက်နက်ကိုင်လမ်းစဉ် ရွေးသွားကြတာပေါ့။ အဲဒီအဖွဲ့တွေက တိုင်းရင်းသား လက်နက်အဖွဲ့တွေဆီမှာ သင်တန်းတွေ သွားတက်ကြတယ်။ လက်နက်တွေ ဝယ်ယူကိုင် ဆောင်တာတွေလုပ်ပြီးတော့ ရပ်ရွာကို ကာကွယ်မယ်ဆိုတဲ့ သူတို့ဘက်က အမြင်တွေနဲ့ လက်နက်ကိုင်လမ်းစဉ် ရွေးချယ်သွားကြ သူတွေများပါတယ်။ ၂၀၂၅ နောက်ပိုင်းလောက်မှာတော့ သူတို့အင်အားတော်တော် နည်းသွားပါပြီ။ နောက်အခုလက်ရှိ အစိုးရသစ်လက်ထက်မှာလည်းပဲ အကြမ်းဖက်နှိမ်နင်းရေးတွေနဲ့ လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်မှုတွေကြောင့် ပြန်ဝင်လာတဲ့လူငယ်တွေ တော်တော်များတယ်။ ဒါကြောင့်မို့လို့ လက်နက် ကိုင်အကြမ်းဖက်တွေ မရှိသလောက်နည်းသွားပြီလို့ ပြောလို့ရပါတယ်။ လတ်တလောကတော့ ကျွန် တော်တို့ မကွေးတိုင်းထဲကတော့ အကြမ်းဖက်ဖြစ်စဉ်တွေ၊ လုပ်ရပ်တွေ တော်တော်ငြိမ်သွားပြီ။ ပြီးခဲ့တဲ့ လပိုင်းလောက်မှာ အဲဒီလိုဖြစ်စဉ်တွေ မရှိသလောက်ဘဲ။ မကွေးတိုင်း တစ်တိုင်းလုံးပေါ့။ မင်းတုန်းနယ်ထဲ ကတော့ AA နဲ့ဆက်စပ်တဲ့ နေရာတွေမှာတော့ ရှိတာပေါ့။ ဒါကလည်း ဒီဘက်စစ်ကြောင်းတွေထိုးတော့ ဟိုဘက်ကို နင်းသွားတာပေါ့။ ဒီဘက်မှာတော့ ကျန်တဲ့အကြမ်းဖက်လုပ်ရပ်တွေကတော့ မရှိသလောက်ပါဘဲ။ အခုက အကြမ်း ဖက် အဖွဲ့အစည်းတွေရဲ့ ဝင်ငွေရတဲ့နေရာတွေကို လိုက်ပိတ် ဆို့ထားတော့ တပ်မတော်ဘက်က ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေလို့ ပြောရမှာပါ။ အကြမ်းဖက်တွေရဲ့ ဝင်ငွေ ရနိုင်တဲ့ နေရာတွေကို အစိုးရဘက်ကပြန်လည်ထိန်းချုပ် နိုင်သွားပြီ။ ဆိုပါစို့ သစ်တောထွက်နေရာတွေဆိုရင် ပြန် လည်ထိန်းချုပ်နိုင်ပြီ။ နောက် ရေနံထွက်တဲ့နေရာတွေကို ပြန်ထိန်းချုပ်နိုင်ပြီပေါ့။ မကွေးတိုင်းထဲမှာ ကျတော့ ရွှေလုပ်ငန်းမရှိဘူး။ ရွှေရတဲ့နေရာ၊ ရွှေတူးဖော်တဲ့နေရာရယ်လို့ မရှိဘူး၊ ရေနံက အဓိကပေါ့။ ရေနံတွင်းတိမ်တွေ အဲဒီနေရာတွေကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင် ပြီဖြစ်တဲ့အတွက်ကြောင့် အကြမ်းဖက်တွေရဲ့ ဝင်ငွေရလမ်းတွေ မရှိတော့တဲ့အတွက်ကြောင့် သူတို့ အင်အားနည်းသွားပြီလို့ ယူဆပါတယ်။ ဒီလို သူတို့ဝင်ငွေရတဲ့ နေရာတွေလက်လွှတ်ရင်း၊ လက်လွှတ်ရင်းနဲ့ အကြမ်းဖက်အဖွဲ့တွေ အင် အားနည်းသွားပါပြီ။ များသောအားဖြင့် ပြိုကွဲသွားကြပါပြီ။ လူအင်အားလည်း မရှိတော့ဘူး။ မကွေးတိုင်း ထဲမှာကတော့ အင်အားများတယ်ဆိုတဲ့  အများစုအဖွဲ့တွေက မရှိတော့ဘူး။


TREND ။    ။ ဒီအဖွဲ့တွေက   အရင်ကဆိုရင် လိုင်းပေါ်ကနေ အလှူခံတာ၊ ဘာ Project ၊ ညာ Project ဆိုပြီး ခေါင်းစဉ်တပ်ပြီး ငွေရှာတာ၊ နောက် ရွာတွေထဲဝင် ပြီးငွေကောက်တာ၊ ဂိတ်လေးတွေလုပ်ပြီး ကား သမားတွေ ခရီးသည်တွေဆီက ငွေကောက်တယ် ဆိုတာမျိုးတွေရှိပါတယ်။ အခုလည်း ဝင်ငွေရတဲ့နေရာ တွေ လက်လွှတ်နေရပြီ။ ဆိုတော့  သူတို့ရဲ့ရပ်တည်မှု အခြေအနေ ဘယ်လိုပုံစံဖြစ်သွားပြီလို့ ပြောလို့ရလဲ။
Dr.KS    ။    ။
အဲဒါတွေ မကွေးတိုင်းထဲမှာဆိုရင် ပေါက်၊ မြိုင်၊ ရေစကြို၊ ဆောတို့ဘက်မှာ အကြမ်းဖက်တွေရဲ့ပုံစံ အဲဒီလိုပုံစံတွေ ဖြစ်သွားခဲ့တာ။ အဲဒီကာလတွေတုန်းက တပ်မတော်စစ်ကြောင်းတွေ နောက်ဆုတ်လာတဲ့အချိန် ဝန်ထမ်းအင်အားတွေ နောက်ဆုတ်လာတဲ့အချိန် နယ်မြေဖြန့်ကြက်နိုင်မှု၊ လုံခြုံရေး ဆောင်ရွက်နိုင်မှု အားနည်းသွားတဲ့ကာလတွေမှာ ဖြစ်သွားခဲ့တာပေါ့။ အဲဒီလို နယ်မြေဖြန့်ကြက်နိုင်မှု၊ လုံခြုံရေးဆောင်ရွက်နိုင်မှုအားနည်းသွားခဲ့တာက မကွေးတိုင်းမှာက ငါးမြို့နယ်ရှိတယ်။ အဲဒီငါးမြို့နယ်က စစ်အုပ်ချုပ်ရေး ကြေညာပြီးတော့လည်း ဆောင်ရွက်ခဲ့တာ အခုအချိန်အထိလည်း စစ်အုပ်ချုပ်ရေးပဲ ဆောင်ရွက်နေဆဲပဲ။ အဲဒီမြို့နယ်တွေမှာ အခုကတော့ တပ်မတော်ရဲ့ စစ်ကြောင်းတွေ၊ လုံခြုံရေးအင် အားစုတွေ တိုးပြီးတော့ စစ်ကြောင်းတွေ ထိုးတယ်။ ဒီလိုနည်းအားဖြင့် သူတို့ရဲ့ ဝင်ငွေရလမ်းတွေ လျော့သွားတယ်။ ပြီးတော့ ပြည်သူလူထုကလည်း သူတို့ရဲ့ ဝန်၊ ဒဏ်ကို ထမ်းနေရတာ မခံနိုင်တော့တဲ့ အခြေအနေဖြစ်လာတာ။ အဲဒါကြောင့်လည်း ပြည်သူတွေက သတင်းပေးလာတာတွေ ပေါလာတယ်။ နောက်တစ်ခုကတော့ သူတို့ကို ထောက်ပံ့တာတွေ ရပ်တန့်ပစ်လိုက်တယ်။ အဲဒီလိုနည်းအားဖြင့် အင်အား လျော့သွားတယ်လို့ ထင်တယ်။ အမှန်ကတော့ အကြမ်းဖက်အဖွဲ့တွေက အဖွဲ့ခွဲတွေ များနေတာပေါ့။ အင်အားရယ်လို့ လုံလုံလောက် လောက် ရှိတာမျိုး မဟုတ်ဘူး၊ လူအင်အား ၁၄၊ ၁၅ ယောက်ဆိုတဲ့အဖွဲ့က တော်တော်အင်အားကြီး အဖွဲ့တွေ ဖြစ်နေတာ။ အမှန်အတိုင်း ပြောရရင်တော့ လူအင်အားမရှိဘူး။ လိုင်းပေါ်မှာ ကြောက်အောင် ခြောက်ပြီးတော့  လုပ်စားတဲ့ပုံစံတွေ ဖြစ်နေတာလေ။ သူတို့ကြီးစိုးတဲ့ နေရာတွေဆိုတာလည်း  တရားမဝင် သတ္တုသယံဇာတ တူးဖော်တဲ့ လုပ်ငန်းတွေ ရှိမယ်။ လောင်းကစား လုပ်ငန်းတွေရှိမယ်။ ဒါမှ မဟုတ်ရင် ပစ္စည်းသယ်ယူ ရောင်းချတဲ့  မှောင်ခိုလုပ်ငန်းတွေ ရှိမယ်။ အဲဒီလို အခြေအနေမျိုး သူတို့ကြီးစိုးတဲ့နေရာက လူတွေကတော့ ပေးနေရဦးမှာပဲလေ။ ဒါပေမဲ့ အများပြည်သူက မပါတော့ ဘူး။ အများပြည်သူဆီအလှူခံတဲ့ သူတို့ရဲ့ Project တွေ၊ ဘယ် Project မှ Target ပြည့်အောင် အလှူခံနိုင်တယ်လို့ မမြင်တော့ဘူး။ ဒီအခြေအနေတွေကို ပြည်သူလုထုက သိသွားပြီ။ နောက်တစ်ခါ ပြည်ပရောက်နေတဲ့ အလုပ် သမားတွေရှိတယ်။ သူတို့ကနေ ဆက်သွယ်ပြီး အလှူခံတာတွေ ရှိတယ်။ ရှိနိုင်တယ်။ သို့သော်လည်းပဲ ဒီဘက်ကို ပြန်ပေးနိုင်မှုဆိုတာ တော်တော်ကြီး နည်းသွားပြီလို့ ထင်ပါတယ်။ သူတို့ရဲ့ ဝင်ငွေရလမ်းတွေ လျော့သွားပြီး ရန်ပုံငွေမရရှိတော့လို့  အကြမ်းဖက်တွေ မရပ်တည်နိုင်တော့တဲ့ အခြေအနေလို့ မြင်ပါတယ်။ အမှန်တော့ ပြည်သူလူထုက အစောပိုင်းတုန်းကတော့ စိတ်ခံစားမှုတွေနဲ့ ရောပါတာတွေရှိမှာပါ။ တကယ်တမ်း အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့တော်လှန်ရေးဆိုတာက ဖြစ်မြောက်နိုင်ခြေမှ မရှိတော့တာ၊ ဒါကို လူထုက နားလည်သွားပြီ။ သူတို့ပြောတဲ့ တော်လှန်ရေးအောင် မြင်ဖို့ဆိုတာ ဖြစ်မြောက်နိုင်ခြေမရှိတော့ဘူး။ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာ လူထုက သိသွားကြပြီးတော့ ဒီအဖွဲ့တွေကို ထောက်ပံ့နေလို့ မထူးတော့ဘူးဆိုတဲ့ အခြေအနေဆိုတာ လက်ခံသွားပြီ။ ဒါကြောင့် ပြည်သူူလူထုက သူတို့ကို လက်မခံတော့ဘဲ၊ မထောက်ပံ့တော့ဘဲ နောက်ဆုတ်သွားကြပြီလို့ မြင်တယ်။ ကချင်ဘက်မှာဆိုရင် မြေရှားရှိမယ်၊ ကျောက်စိမ်းရှိမယ်။ စစ်ကိုင်းထဲမှာ ဆိုရင်တော့ ရွှေတူးတာတွေ၊ ရွှေကျင်တာတွေ လုပ်တာတွေ ရှိမယ်။ နောက် မကွေးတိုင်းထဲမှာဆိုရင် ရေနံ၊ တွင်းတိမ်ရေနံတွေ ရှိမယ်။ သစ်တောထွက် ပစ္စည်းတွေရှိမယ်။ ပဲခူးတိုင်း အောက်ပိုင်းဘက်ဆိုရင်လည်း သစ်တောထွက်ပစ္စည်း တွေရှိမယ်။ အဲဒီလိုနေရာမျိုးတွေမှာ လက်နက်ကိုင် အကြမ်းဖက်တွေက ရပ်တည်ပြီးတော့ သွားနေကြတာ။ တကယ်တမ်းပြောရရင်တော့ လက်နက်ကိုင်အကြမ်းဖက်တွေရဲ့ ဝင်ငွေရလမ်း ပိတ်နိုင်လိုက်တာဟာ သူတို့ကို အကောင်းဆုံး နှိမ်နင်းခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဝင်ငွေမရှိရင် သူတို့မှာ စားစရာ မရှိတော့ဘူး။ ဒါကြောင့် ဒီလိုသူတို့ရဲ့ ဝင်ငွေတွေ ဖြတ်တောက်ခံလိုက်ရတော့ ရပ်တည်လို့ မနေနိုင်တော့ဘူးပေါ့။ သူတို့ ရပ်တည်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ ဒါကို နိုင်ငံတော် အစိုးရဘက်က ကောင်းကောင်း အကောင်အထည်ဖော်သွားတယ်လို့ မြင်ပါတယ်။ 


TREND ။        ။ အညာဒေသရဲ့ လက်ရှိနိုင်ငံရေး ပဋိပက္ခအခြေအနေနဲ့ အကြမ်းဖက်တွေရဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ သူတို့ရဲ့ တော်လှန်ရေးအပေါ် ဘယ်လိုသုံးသပ်ချင်လဲ။ 
Dr.KS    ။    ။
အညာဒေသရဲ့ နိုင်ငံရေးပဋိပက္ခနဲ့အတူ အကြမ်းဖက်မှုတွေ ခပ်စိတ်စိတ်ဖြစ်တဲ့နေရာတွေဆိုရင် တပ်မတော်က စစ်ကြောင်း ထိုးတယ်။ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတယ်။ အကြမ်းဖက်နဲ့ ဆက်စပ်တဲ့နေရာတွေကို နှိမ်နင်းတယ်၊ ဖျက်ဆီးတာတွေ ဆောင်ရွက်တယ်။ စစ်ဆင်ရေးတွေ ဆောင်ရွက်ရတယ် ပေါ့။ အဲဒီလိုတွေ အင်တိုက်အားတိုက်ဆောင်ရွက်လိုက်တော့ အကြမ်းဖက်တွေကို ထောက်ပံ့တဲ့ အင်အားတွေ လျော့နည်းသွားတာလို့ မြင်တယ်။ နောက်တစ်ချက်က ရွာတိုင်းမှာက PDF ဆိုတာက နှစ်ယောက်၊ သုံးယောက် ပဲရှိတာဗျ၊ တစ်ရွာတစ်ရွာမှာဆိုရင်ပေါ့။ ငါးယောက်၊ ၁၀ ယောက်ဆိုတာ အများဆုံးပါတဲ့ ရွာတွေပေါ့။ ဒီအခြေအနေမျိုးတွေမှာ ရွာသူရွာသား အများစုကလည်း သူတို့ရဲ့ ဒဏ်တွေကို မခံနိုင်တော့ဘူး။ မခံနိုင်တဲ့ အတွက်ကြောင့် သတင်းပေးတာတွေ ရှိတယ်။
    ပြည်သူလူထုက သတင်းပေးလို့လည်း အကြမ်းဖက်နှိမ်နင်းရေးတွေက အောင်မြင်လာတာလို့ မြင်တယ်။ လက်ရှိကတော့ အညာဒေသ တော်လှန်ရေးအဖွဲ့တွေက အင်အားမရှိတော့တဲ့အတွက် တချို့အဖွဲ့တွေဖျက်သိမ်းကုန်ပြီ၊ အလင်းဝင်ကုန်ကြပြီ၊ တချို့ကျတော့လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ တွေဆီကို လူငှားစားတာမျိုး  လုပ်လာကြပြီ။ ကိုယ့်အဖွဲ့မှာ အင်အားရှိသေးတယ်ဆို တဲ့သူက AA နဲ့ပေါင်း တယ်။ AA ကို လူငှားစားတယ်ဆို တာမျိုးပေါ့။ နောက်တစ်ခါ KIA အဖွဲ့ကို လူငှားစားတော့ KIA ထဲမှာ ရောက်နေတဲ့ အဖွဲ့တွေရှိမယ်။ ဒီလိုမျိုးအဖွဲ့ ခေါင်းဆောင်တွေက လုပ်သွားတာ၊ အဲဒီလိုကြောင့်လည်း သူတို့ရဲ့ လူအင်အားတွေ ပြုန်းတီးသွားတာလို့ ထင်တယ်၊ ကျွန်တော်ထင်တယ်၊ ၂၁ နိုင်ငံရေးဖြစ်စဉ် နောက်ပိုင်း မြန်မာနိုင်ငံမှာ လူဦးရေ သိန်းဂဏန်းလျော့ပါးသွားတယ်လို့ ထင်တယ်။ တောထဲရောက်သွား တဲ့လူငယ်တွေ လက်နက်ကိုင်သွားတဲ့ လူငယ်တွေရှိမယ်၊ အဲဒါနဲ့ သူတို့ အချင်းချင်းဖြစ်တဲ့ ပြဿနာတွေရှိမယ်၊ တိုင်းရင်းသား လက်နက်ကိုင်နဲ့ဖြစ်တဲ့ ပြဿနာတွေရှိမယ်။ တိုက်ပွဲတွေမှာ ထိုးကျွေးခံရတဲ့ လူငယ်တွေ ရှိမယ်။ ဒါကတော့လည်း အနည်းဆုံး ကိန်းဂဏန်းအရေအတွက်ပါ။ ဒီလိုလူငယ်တွေ ပြုန်းတီးမှု တွေကြောင့် အင်အားမရှိကြတော့ဘူး။ တချို့အဖွဲ့တွေဆိုရင် လက်နက်နဲ့ လူနဲ့လဲတာမျိုး၊ သေနတ်တစ်လက် လူသုံးယောက်လဲတယ်ဆိုတာမျိုး အညာဒေသမှာ ရှိခဲ့ဖူးတယ်။ အဲဒီကလေးတွေကလည်း တစ်ဖက် အဖွဲ့တွေဆီရောက်သွား၊ တစ်ဖက်ဖွဲ့ကလည်း အဲဒီကလေးတွေကို အသေခံတိုက်ခိုင်းလို့ သေကုန်ပြီ။ လက်နက်ကိုင်ခေါင်းဆောင်က ရွာကိုလာတယ်။ သုံး၊ လေးယောက်လောက်လာပြီး လူစုတယ်၊ ညကင်း စောင့်ဖို့ လိုလို၊ ရွာလုံခြုံရေးအတွက်လိုလို လူစုပြီးတော့ သင်တန်းပေးမယ်ဆိုပြီး ခေါ်သွား။ အဲဒီလိုခေါ် သွားပြီး လက်နက်ကိုင်အဖွဲ့တွေဆီကို လူငှားစားတော့ အဲဒီလိုနဲ့ ပြန်မလာတဲ့ လူငယ်တွေ အများကြီးပဲ။ တချို့ရွာတွေမှာရှိတဲ့ လူလတ်ပိုင်းတွေဆိုရင် မပါမနေရ ပါခိုင်းတာ။ ပထမတစ်လ၊ နှစ်လတော့ ကိုယ့်ရွာထဲကို သွေးပူလေ့ကျင့်ခန်း ဆင်းသလို၊ စစ်ရေးပြလုပ်တာလိုလို လုပ်ခိုင်းပြီး နောက် ပိုင်းကျတော့ သေ နတ်ပစ်တတ်အောင်ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီကို သင်တန်းတက်ဖို့ လွှတ်တယ်၊ အဲဒီလူငယ်တွေ ပြန်မလာတော့ဘူး။ အဲဒါတွေက သူတို့အဖွဲ့အတွက် လိုအပ်တဲ့ လက်နက်နဲ့ လူနဲ့ လဲတာတွေပေါ့။ ဒီလိုနည်းနဲ့ လူရောင်းစားခံရတာလို့ ပြောရမှာပေါ့။ အဲဒီလိုမျိုး ပါသွားတဲ့ လူငယ်တွေ ကလည်း မိဘနဲ့ အဆက်အသွယ်မရ၊ အဆက်အသွယ်ရပြီဆိုတဲ့ လူတွေတွေလည်း သိပ်မကြာဘူး၊ ပျောက်သွား၊ အဆက် အသွယ်ပြတ်သွားတဲ့ အခြေအနေကြောင့် ရွာသူရွာ သားတွေကလည်း နောက်ထပ် သူတို့ ဘက်ကိုပါဖို့ မဖြစ်နိုင်တော့ဘူး။ သူတို့ဘက်ကို မပါတော့ဘူး။ ဒီအခြေအနေတွေကြောင့် သူတို့တော် လှန်ရေးဆိုတာက အားနည်းလျော့နည်းသွားတာလို့ ထင်ပါတယ်။


TREND ။        ။ အဲဒီလိုဖြစ်စဉ်တွေက ဘယ်အချိန်၊ ဘယ်ကာလလောက်ကတည်းက ဖြစ်နေတာလဲ။ 
Dr.KS    ။    ။
အစောပိုင်းကတည်းပါ။ မြန်မာပြည်မှာက လက်နက်ရဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကနေတစ်ဆင့်ပဲ သူတို့ရနိုင်တာလေ။ အဲဒီတော့ ဒီအခြေ အနေတွေကြောင့် လက်နက်ရဖို့အတွက် လူနဲ့လဲရတယ်။ နောက် ငွေနဲ့လဲရတယ်။ ငွေမရှိဘူးဆိုရင် လူနဲ့ လဲရတယ်။ အခုနောက်ပိုင်းတော့ ပိုဆိုးမှာပေါ့။ ဘာကြောင့်လဲ ဆိုတော့ ငွေရစရာလမ်းမှ မရှိတော့တာ။ အဲဒီလိုနဲ့ ဒီအကြမ်းဖက်အဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအောက်ကို ရောက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ပဲ နေလို့ရတော့မယ့် အခြေအနေပေါ့။ တကယ်က ဒီဘက်နယ်တွေဘက်နေလို့ မရတော့ဘူး၊ ရပ်တည်လို့ မရတော့ဘူးလေ။ ဒီဘက်နယ် တွေက စစ်ကြောင်း ဆင်းလာပြီ၊ စစ်ကြောင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာတယ်။ လုံခြုံရေးအင်အား တိုးလာတယ်။ ကျေးရွာပြည်သူလူထုကလည်း အကြမ်းဖက်အဖွဲ့တွေရဲ့ဒဏ်ကို မခံနိုင်တော့ဘူး။ သူတို့ရောက်လာတာနဲ့ တပ်မတော်ဘက်ကို သတင်းပေးတယ်။ အစိုးရဘက်ကလည်း ချက်ချင်း အရေးယူ ဆောင်ရွက် တယ်။ ဒီလိုနည်းအားဖြင့် သူတို့အင်အား တအားပြုန်းတီးသွားပြီ။ အဲဒီတော့ အဲဒီအဖွဲ့တွေက ဒီဘက်မှာ ဆက်ပြီး ရပ်တည်နိုင်စရာ အကြောင်းမရှိတော့ဘူး။ 


TREND ။        ။ တောထဲရောက်နေတဲ့ PDF တွေ ဥပဒေဘောင်အတွင်းကို တောက်လျှောက် ပြန်ဝင်လာကြတာ တွေ့ရတယ်။ ဒါက ဘယ်လို အခြေအနေတွေကြောင့် ဒီလို လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး မိဘနေအိမ်ကို ပြန်လာကြတာလို့ သုံး သပ်ချင်လဲ။
Dr.KS    ။    ။
အမှောင်ထဲတောထဲရောက်သွားတဲ့လူငယ်တွေရဲ့ ပင်ပန်းဒုက္ခဆင်းရဲမှုတွေက ဘာနဲ့မှနှိုင်းဆလို့ မရနိုင်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ အများစုက ဒီဒဏ်ကို မခံနိုင်ကြတော့ဘူး။ နောက် မိသားစုနဲ့ ဝေးကွာပြီးတော့လည်း အများစုက မနေနိုင်ကြတော့ဘူး။ ဒီအခြေ အနေတွေမျိုးမှာ နိုင်ငံတော် အစိုးရဘက်ကလည်း အလင်းဝင်ဖို့ ဖိတ်ခေါ်ထားတယ်ဆိုတော့ အများစုက အလင်းဝင် ရောက်လာကြတာပါ။ ဒီလိုအလင်းဝင်ရောက် လာတာကလည်း ကျွန်တော်သိရသလောက် တစ်နိုင်ငံလုံးဆိုရင် ၈၀၀၀ ကျော်လောက် အလင်းဝင်လာပြီးပြီလို့ထင်တယ်။ ၈၆၀၀ လောက် အလင်းဝင်တာရှိတယ်။ ဒီအလင်းဝင်တဲ့ အင်အားတွေက သူတို့ဘက်မှာ မရှိတော့တဲ့အတွက်ကြောင့်လည်း သူတို့အင်အား လျော့သွားတာလို့ ထင်ပါတယ်။ 


TREND ။     ။ နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေတဲ့သူတွေ၊ တောထဲရောက်နေကြတဲ့ လူငယ်တွေ လက်ရှိ အရှိတရား၊ အမှန်တရားကို သိပြီးတော့ လက်ခံပြီးတော့ အမြင်မှန် ရသင့်ပြီလား၊ နောက်ပြီး သူတို့တွေ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြဖို့ ဖြည့်စွက်ပြောကြားပေးပါဦး။ 
Dr.KS    ။    ။
အမြင်မှန်ရသင့်တာက ကြာလှပါပြီ။ ပြောရရင် သူတို့က ဘယ်လိုမှ မဖြစ်နိုင်တဲ့ လမ်းစဉ်ကို ရွေးတာလေ။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တော်လှန်ရေးတစ်ခု ဆင်နွှဲပြီး  နိုင်ငံတော်အာဏာရဖို့ ဆိုတာက တိုင်းရင်းသားလက်နက်ကိုင်တွေတောင် နှစ်ပေါင်း ၆၀ ကျော်၊ ၇၀ ကျော်လုပ်လာတဲ့ အဖွဲ့တွေတောင် မအောင်မြင်တာလေ။ သူတို့ဆိုရင် တိုင်းရင်းသားလူမျိုးရေးလည်းပါတယ်။ နယ်မြေလည်း အတည် တကျရှိပြီးသား၊ နောက်တစ်ခါ စစ်ရေးလေ့ကျင့်မှု၊ အင်အားအကုန်ပြည့်စုံပြီးသား လူတွေတောင်၊ အောင်မြင်ခဲ့တာ မရှိတာ။ သူတို့ရဲ့ NUG ဦးဆောင်တဲ့ အစိုးရဆိုတာ မြန်မာနိုင်ငံမှာ ဘယ်လိုမှ ခြေချနိုင်မယ့် အတိုင်းအတာ မရှိဘူး။ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံမှာလည်း ပေါ်ထွက်လာစရာ ထူးထူးခြားခြား မရှိတော့ဘူး။ အာဆီယံကိုယ်တိုင်က လက်ရှိမြန်မာနိုင်ငံ တော်အစိုးရနဲ့ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်နေပြီ။ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျပန်နိုင်ငံ အကုန်လုံးက လက်ရှိအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်တယ်။ ပြီးတော့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး အတွက်လည်း ကူညီထောက်ပံ့နေကြပြီး ဖြစ်တယ်။ ဒီအခြေအနေတွေကို နိုင်ငံသူနိုင်ငံသားတွေ အားလုံးသိသင့် တယ်။ ဒီလို သိပြီးတော့ ကိုယ့်သားသမီးတွေကို ပြန်ခေါ်ဖို့၊ မဖြစ်နိုင်တဲ့လမ်းကို ဆက်မလျှောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုမျိုး လက် နက်ကိုင်လမ်းစဉ်ကြောင့် နိုင်ငံပြိုကွဲသွားဖို့တို့၊ ကျဆုံးသွားဖို့တို့၊ သူတို့ အာဏာရသွားဖို့ဆိုတာတွေက ဘယ်လိုမှ မျှော်လင့်စရာလမ်းမဟုတ်ပါဘူး။ ဒါကြောင့် လက်နက်ကိုင်လမ်းစဉ်လိုက်နေတဲ့ လူငယ်တွေအနေနဲ့ ဒီတော်လှန်ရေးကြီးဆိုတာက မဖြစ်နိုင်ဘူးဆိုတာကို အစောကြီးကတည်းက အသိတရားရပြီးတော့ နောင်တရ လက်နက်ချအလင်းဝင်ပြီး ကိုယ့်မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ပြန်နေကြရမှာ။ အဲဒီလို မဟုတ်ဘဲ ဆက်နေမယ်ဆိုရင်တော့ အကြမ်းဖက်ချေမှုန်းရေး နှိမ်နင်းမှုထဲမှာ ပါသွားမှာပဲ။  ဒါကြောင့် ပြောချင်တာက သားသမီးတွေကို မျှော်နေတဲ့ မိဘတွေရှိတယ်။ အစ်ကိုတွေ ပြန်လာမှာကို မျှော်နေတဲ့ ညီတွေရှိတယ်၊ မိဘတွေ ပြန်လာမှာကို မျှော်နေတဲ့ သားသမီးတွေရှိတယ်။ ဒီကလေးတွေရဲ့မျက်နှာ၊ ဒီလူ တွေရဲ့မျက်နှာတွေကို ပြန်တွေးကြစေချင်တယ်။ ကိုယ့်ရပ်ကိုယ့်ဒေသကို ပြန်လာခွင့်ရှိနေတဲ့အချိန်မှာ ပြန်လာကြဖို့၊ မှားခဲ့တာတွေကို ဝန်ချလို့ ရတဲ့ကာလမှာ ဝန်ချပြီးတော့ ပြန်လာကြတာက အကောင်း ဆုံးဖြစ်လိမ့်မယ်လို့ အသိပေးလိုပါတယ်။

TREND ။        ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။                 
လင်းလင်းအောင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၂ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 19

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

67788

© 2022 - 2026 News. All Rights Reserved.