UN မှာ ရုပ်ရှင်ရိုက်ခဲ့သည့် သံအမတ်ကို စိန်ခေါ်သူ

လူငယ်တွေအတွက်တဲ့လား
    "တစ်ချိန်တုန်းက ကျောင်းအတူတူ တက်ခဲ့တဲ့သူတွေလည်း သူစိမ်းတွေဖြစ်ကုန်ပြီ"ဟု ကလေးမလေးတစ်ယောက်က ညည်းညူနေလေ သည်။ အရွယ်ငယ်ငယ် ရုပ်ရည်ရှိရှိ ကလေးမလေးတစ်ယောက် မည်သည့်အခက်အခဲ အကျပ်အတည်းများကြောင့် ဤကဲ့သို့ သနားစဖွယ်မျက်နှာပေးဖြင့် သူမ၏ အဆင်မပြေမှုများကို လူအများရှေ့ ချပြနေသည်ဟု ထင်ပါသနည်း။ မူလတန်းအရွယ် သင်ရိုးထဲတွင် သင်ယူခဲ့ရသည့် ကျေးညီနောင်ပုံပြင်ထဲက သူခိုးဓားပြများလက်ထဲ ရောက်သွားသည့် ကျေးကလေး၏ ဘဝနှင့် ထိုကလေးမလေး၏ဘဝက တူသောကြောင့်ဟုဆိုလျှင် ရနိုင်ပါသည်။
    အဘယ့်ကြောင့် ထိုသို့ ပြောနိုင်သနည်းဟု မေးလာလျှင် ထိုကလေးမလေးသည် သူမ၏ ငယ်ရွယ်နုပျိုလှပသည့် အချိန်များကို လုပ်စား နိုင်ငံရေးသမားများ၏ ဝါဒမှိုင်းနောက် ယုံကြည်မိခဲ့ရာက တောတွင်း လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရာက ယခုကဲ့သို့ လက်မှိုင်ချ အနာဂတ်ပျောက်နေသည့်ဘဝကို ရောက်ရှိသွားရခြင်းပင် ဖြစ်သည်။ "တစ်ချိန်တုန်းက ကျောင်းအတူတူ တက်ခဲ့တဲ့သူတွေလည်း သူစိမ်းတွေ ဖြစ်ကုန်ပြီ"ဟုဆိုသည့် သူမပြောခဲ့သည့်စကားအတိုင်းဆိုလျှင် သူ၏သူငယ်ချင်းများက ရသေ့ရဟန်းတို့၏ ကျောင်းသင်္ခမ်းသို့ ရောက်သွားသော ကျေးသားကဲ့သို့ ဖြစ်သွားသဖြင့် လမ်းခြင်းမတူသဖြင့် လူချင်းကွဲသွား ကြရခြင်းပင် ဖြစ်သည်။ တစ်ခါတစ်ရံများတွင် လူတို့သည် ငယ်ဘဝက ဖြတ်သန်းခဲ့ရသည်များကို အောက်မေ့တသသတိရစိတ်များ ဖြစ်ပေါ်တတ်ရဲ့ မဟုတ်လား။ ထိုသို့အောက်မေ့တသ သတိရစိတ်များဖြစ် ပေါ်လာသည့်အခါ ဆိုးတူကောင်းဖက် အတူဖြတ်သန်းခဲ့ကြဖူးသူများကို သတိတရဖြစ်တတ် ကြခြင်းက သဘာဝကျပါပေသည်။ ထိုသို့ သတိရစိတ်ဖြစ်ပေါ်သောအခါ ပဋိသန္တာရစကားအဖြစ် "နေကောင်း ကျန်းမာရဲ့လား"ဟု လွမ်းစိတ်အာသာပြေ စကားစမြည် ဆိုချင်လာ၍ အနည်းဆုံး ဖုန်းလေးဖြစ်ဖြစ် ဆက်သွယ် ကြည့်မိကြသေးသည်။
    ထိုကလေးမလေးသည်လည်း တောထဲတွင် လက်နက်ကိုင်အဖြစ် ရောက်နေလင့်ကစား လွမ်းစိတ်အာသာပြေအဖြစ် ငယ်ဘဝက သူငယ် ချင်းများကို သတိတရ ဆက်သွယ်ကြည့်မိသည်ထင်ပါ။ သည်ချိန်၊ သည်ကာလသည်ကလည်း ငြိမ်းချမ်းသည့်အရပ်၊ ငြိမ်းချမ်းသည့် ဒေသများတွင် သီတင်းကျွတ်ပွဲတော်များ ခြိမ့်ခြိမ့်သဲ ကျင်းပနေသည့် ကာလပင် မဟုတ်ပါလား။ ဤကဲ့သို့ ငြိမ်းချမ်းသည့်အရပ်ဒေသတွင် သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပနေချိန်တွင် ခံစားရအခက်ဆုံးဝေဒနာက ပွဲတော်ရက်များတွင် အတူတကွ သွားလာလည်ပတ်ခဲ့သည့် အချိန်များနှင့် အတူလည်ပတ်ခဲ့သူများကို မမျိုနိုင်မသိပ်နိုင် ပွင့်အန်ထွက်အောင် လွမ်းတတ်ကြသည်။ ကိုယ်နှင့်အတူ ဖြတ်သန်းခဲ့သည့် သူငယ်ချင်းများက လူငယ် ဘဝကို လူငယ်ဆန်စွာ ပညာသင်ရင်း ပျော်ပွဲရွှင်ပွဲများကို ဖြတ်သန်းနေချိန် တောထဲတွင် ငတ်တစ်လှည့် ပြတ်တစ်လှည့် နေနေရသည့် အနာဂတ်မဲ့ဘ၀ ကြီးကို စိတ်ညစ်ညူးနေချိန် ငယ်ဘဝက သူငယ်ချင်းများ ကို ဆက်သွယ်ကြည့်မိသည် ထင်ပါသည်။
    တောထဲရောက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သည့် အမျိုးသမီးလူငယ်တစ်ယောက်အနေနှင့် "ရွာက သူငယ်ချင်းတွေကို လွမ်းလို့ ဖုန်းဆက်မိတာ၊ ကျောင်းသွားရမှာမို့ မအားဘူးတဲ့လေ၊ အေးပါကွာ"ဟု သာပြော၍ ဖုန်းချလိုက်ရပြီး လွမ်းစိတ်ပြေစကားပင် မဆိုခဲ့ရကြောင်း ကလေးမလေးက ရင်ဖွင့်ထားလေသည်။ လူငယ်၊ တက်ကြွ၊ ရဲရင့်၊ ပျော်ရွှင်ဆိုသည့် လူငယ်ဆန်မှုများ ပျောက်ဆုံးနေပြီး လုပ်စားနိုင်ငံရေးသမားများ၏စကားကို နားယောင်၍ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့မိခြင်းအတွက် နောင်တရနေဟန်လည်း ရှိနေပုံရသည်။ သို့တည်းမဟုတ် ဤကဲ့သို့ အကွက်မျိုးကို အသုံးပြု၍ မျက် ရည်ခြူကာ စားရေရိက္ခာဖိုးလေး ထောက်ပံ့ပါဦးဆိုသည့် အကွက်ဖြင့် ညည်းညူပြနေခြင်းလည်းဖြစ် နိုင်ပါ သည်။ မည်သို့ပင်ဆိုစေ တောထဲလက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်မိပြီးကတည်းက တစ်ဘဝလုံး မှားသည့်လမ်းစဉ်ကို ရောက်ရှိသွားကြောင်းကို စာနာတတ်သူတို့က ပြောပြခဲ့ကြရဲ့ မဟုတ်လား။
    တစ်ချိန်တုန်းက ကျောင်းအတူတက်ခဲ့သည့် သူငယ်ချင်းများက ဘဝတက်လမ်းကို မပုကြွယ်နှင့် ခရုငယ်သင်ရိုးထဲကအတိုင်း အချိန်မှန်မှန် ချီတက်ပြီး ပန်းတိုင်ရောက်နိုင်သော်လည်း လက်နက်ကိုင်ဘဝသည် အလင်းမဝင်မချင်း သေလမ်းနှင့် မပြန်လမ်း နှစ်လမ်းသာ ရှိနိုင်တော့သည်။ နောင်တ ဆိုသည်မှာလည်း ပြင်ဆင်၍ ရနိုင်သည့် နောင်တနှင့် ပြင်ဆင်၍ မရနိုင်သည့် နောင်တဟူ၍ နှစ်မျိုးရှိတတ်ရာ အချို့ သော နောင်တများသည်  အချိန်မီပြင်ဆင်လျှင် ငယ်ရွယ်နုပျိုခြင်းများဖြင့် ဘ၀အသစ်ကိုစတင်လျှင် အချိန်မနှောင်းသေးပါဘူးဟု ထိုညီမငယ်လေးကို အကြံပေးစကား ပြောဖြစ်ခဲ့သည်။
    ကိုယ်က စေတနာရှေ့ထား၍ အကြံပေးစကား ပြောဖြစ်ခဲ့သော်လည်း အချို့သောသူများက တောတွင်းက လက်နက်ကိုင်တစ်ယောက်အနေနှင့် ကိုယ်ရွေးချယ်သည့်လမ်း ကိုယ်လျှောက်လှမ်းချိန် ရွာတွင် ကျန်နေခဲ့သူများကို မဆက်သွယ်နှင့် အကြမ်းဖက် ဥပဒေဆိုသည်က ရှိသေး သည်။ ကိုယ့်ကြောင့် မဆိုင်သည့်သူများ ဒုက္ခမရောက်ပါစေနှင့်ဆိုသည့်  အရှိတရားကို ပြောပြသူများကိုလည်း တွေ့မြင်ရလေသည်။
    ထိုကဲ့သို့ စကားများက အမှန်တရားဖြစ်၍ လားမသိ၊ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သူတို့ ရင်ဝကို လှံစူးသည့်အလား မခံနိုင်သည့်စကား ဖြစ်နေလေသည်။ 'ကျောင်းမတက်နဲ့ ကျောင်းထွက်'ဆို သည့်စကားက ညီမလေးတို့ လူငယ်များအတွက် စေတနာစကား ဟုတ်၊ မဟုတ်ဆိုသည်မှာ ခြောက်နှစ်နီး ပါးရှိလာသည့်အချိန်တွင် နောင်တများစွာဖြင့် သဲသဲကွဲကွဲ သိခဲ့ရပြီ မဟုတ်လားဟု ထိုညီမလေးကဲ့သို့ ပညာ ရေးကို စွန့်လွှတ်ခဲ့သူများကို မေးကြည့်ချင်မိပါသည်။

အချီကြီးကြံသူ
    သူ့ဟာနှင့်သူတော့ ထင်ရှားကျော်ကြားနာမည် ကြီးသူဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သို့သော်လည်း ကိုယ်က သူ့အကြောင်းကောင်းကောင်း မသိ၊ မသိ၍လည်း အပြစ်တင်မစောနှင့်ဟု ဆိုရမလိုဖြစ်ပြီး တော်လှန်ရေးခေါင်းစဉ်တပ်ပြီး တော်လှန်ရေးဘက်တော် သားများထဲတွင် သူတို့ကဲ့သို့ အမည်များလည်း အများသားပင် မဟုတ်ပါလား။ နွေဦး၊ ဒေါင်းမလေး၊ ဒေါင်းထီးလေး၊ ခွပ်ဒေါင်း၊ အမေ့သား၊ အမေ့သမီးစသဖြင့် အမည် မျိုးစုံတပ်၍ တော်လှန်ရေးဘက်က လှုပ်ရှားသူများသောကြောင့် သူတို့နာမည်ကို တွေ့ရုံမြင်ရုံဖြင့် ထင်ရှားကျော် ကြားသူလား၊ သို့တည်းမဟုတ် မထင်မရှားလားဟူ၍ မဆုံးဖြတ်တတ်ဟု ဆိုရခြင်းပင်ဖြစ်ပါသည်။ ယခုလည်း ဟန်နီနွေဦးဆိုသည့် ကလေးမလေးတစ်ယောက်က ကမ်ပိန်းတစ်ခုတွင် ပါဝင်ပေးရန် တောင်းဆိုသည့် ရုပ်သံဖိုင်တစ်ခုကို တွေ့လိုက်ရာမှ သူမသည် ထင်ရှားသူလား၊ မထင်ရှားသူလားဟု မိတ်ဆွေသူငယ်ချင်းများကို မေးကြည့်ရာ သူတို့လည်း ကိုယ်လိုပဲ ကောင်းကောင်း မသိဟုသာ အဖြေထွက်၏။
    သို့သော်လည်း ထိုကလေးမလေးလုပ်သည့် ကမ်ပိန်းကိုကြည့်ခြင်းအားဖြင့် သူတို့ရပ်ဝန်းတွင် အတန်အသင့် ထင်ရှားကျော်ကြားသူဖြစ်နိုင်ကြောင်း ကောက်ချက်ချမိ၏။ အဘယ့်ကြောင့်ဆိုသော် ထိုက လေးမလေးက သူမ၏ မွေးနေ့အထိမ်းအမှတ် မာဖလာလေးတစ်ထည်ကို ကျပ်သိန်းနှစ်ထောင့်ငါးရာ ရည်မှန်းထားသည့် ကမ်ပိန်းဟုဆိုသဖြင့် ပေါ့သေးသေးဟုတ်ဟန်မတူဟု ဆိုရမည်ဖြစ်သည်။ ကလေးမလေး က အသက် (၂၅)နှစ် ပြည့်မွေးနေ့အဖြစ် ထိုမာဖလာကမ်ပိန်းကို လုပ်ရခြင်းဖြစ်သည်ဟု ကနဦးဆိုစကား ဖြင့် ဖွင့်ထားလေသည်။
    အသက် (၂၅)နှစ်အရွယ် ကလေးမလေးတစ် ယောက်က တော်လှန်ရေးအတွက်ဟုဆိုကာ ငွေရှာသည့် ကမ်ပိန်းကို လုပ်သည်ပေါ့။ သူမက (၂၅)နှစ်အရွယ်ဖြင့် တော်လှန်ရေးတွင် ပါဝင်နေကြောင်း စ၍ပြောသည်ဆိုကတည်းက တော်လှန်ရေးကို စတင်ချိန် သူမ၏ အသက်သည် ၂၀ မပြည့်တပြည့် အရွယ်ဖြစ်ကာ သူတို့က နိုင်ငံ ရေးကို အတော်သိနေသည့် အရွယ်လားဟု စိတ်ထဲတွင် မေးခွန်းထုတ်မိ၏။ ဆယ်ကျော်သက်အရွယ် ၂၀ မပြည့်ခင်အချိန် သူများယောင်၍ လိုက်ယောင်သည့် သူနှင့်သူများစကား ယုံမှားမိရင်း အမှားပေါ် အမှားဆင့်ရင်း နောက်မဆုတ်နိုင်သူတို့၏ လမ်းစဉ်အတိုင်း လိုက်ရာက အမှားသံသရာကို ကျူးလွန်နေသည့် ဥမမယ်စာမမြောက် အရွယ်များပင် မဟုတ်ပါလား။ သူမကငွေကောက်ခံ မည့် ကမ်ပိန်းအတွက် ပြင်ဆင်ထားပုံကလည်း မေမေ့ဘက်တော်သားများ ပီသပါပေသည်ဟု ဆိုနိုင်ပါ သည်။ 
    အဘယ့်ကြောင့် ထိုကဲ့သို့ ပြောရသနည်းဟုဆိုလျှင် မည်သည့်အကြောင်းအရာမဆို အလှူငွေ ခေါင်းစဉ်တပ်၍ အိတ်မစိုက်ဘဲ အိတ်ထဲကို ထည့်ချင်သူတို့၏ထုံးစံဖြစ်သောကြောင့် ပြောရခြင်းပင် ဖြစ် သည်။ ဟန်နီနွေဦးဆိုသည့် ကလေးမလေးသည်လည်း ကျန်သည့်ရုပ် သံများတွင်သာ နှုတ်ခမ်းနီပါးနီများဖြင့် လှတပတလေး ပြင်ပြင်ဆင်ဆင်ဖြင့် လှချင်ပချင်သည့်ပုံစံဖြင့် နေခဲ့သူက အလှူခံမည့်အခါ ပုံစံ တစ်မျိုးဖြင့်ထွက်လာခဲ့လေသည်။ မဖြီးမလိမ်းသည့်ဆံပင်၊ နှုတ်ခမ်းနီပါးနီမဆိုးဘဲ မကျချင်သည့်မျက်ရည်ကို ဝမ်းနည်းဟန်ဖြင့် မျက်ရည်ကျချင် ဟန်ဆောင်ကာ မထွက်သည့် နှပ်ချေး နှစ်ချက်လောက်ရှုံ့၍ "ဒီမာဖလာလေးက ကျွန်တော့်ရဲ့ တကယ့်ကို စိတ်ခံစားချက် အရမ်းပြင်းထန်ခဲ့တဲ့ အခြေအနေမျိုးတွေ၊ ပျော်ခဲ့တဲ့ အချိန်တွေရော ဒီလပိုင်းတွေမှာ ကျွန် တော်နဲ့အတူတူ ရှိခဲ့တဲ့သူတွေရော ကျွန်တော်ကြိုးစား ပြီးတော့ စိတ်ခံစားချက်တွေ ထည့်ပြီးလုပ်ခဲ့တဲ့ မွေးနေ့  လက်ဆောင်ပစ္စည်းလေး ဖြစ်ပါတယ်}}ဟုဆိုကာ သူ့ကိုယ်သူ ကျွန်တော်ဟု နာမ်စားသုံး၍ မာဖလာအတွက်  ကျပ်သိန်း ၂၅၀၀ ကမ်ပိန်းကို လုပ်ဆောင်ရ ကြောင်း စကားအရှည်ကြီးဖြင့် ရှင်းပြနေလေသည်။
    သူ၏ စိတ်ကူးရည်ရွယ်ချက်ကလည်း ရှင်းပါသည်။ တော်လှန်ရေးခေါင်းစဉ်အောက်တွင် အနေအစားချောင်သည့် ထောက်ပို့ဆိုသည့်လုပ်ငန်းကို လုပ်ကိုင်သူ ဖြစ်သောကြောင့် တော်လှန်ရေးဘယ်လောက် ကြာကြာ  ရှေ့ဆက်အလှူခံသွားဦးမည် ဆိုသည့်အကြောင်း ထည့်သွင်း ပြောကြားသွားလေသည်။ သူတို့၏ ရည်ရွယ်ချက်ကိုက လုပ်ကိုင်မစားဘဲ အလှူခံစားသည့်ဘဝတွင် သာယာနေသောကြောင့် 'တော်လှန် ရေး အဓွန့်ရှည်ပါစေ'ဆုတောင်းသူများထဲတွင် ထိပ်ဆုံးက ပါဝင်နေသူများ လည်းဖြစ်ကြသည်။ သူတို့လည်း ထောက်ပို့ဖြင့် ချမ်းသာသွားသူများကိုကြည့်ပြီး အားကျသည်ထင်ပါ၏။ တော်လှန်ရေးရှည်ကြာမှ ထောက်ပို့လုပ်ငန်းဖြင့် အနေအစားချောင်ကြမည့်သူများဖြစ်ပြီး ကျပ်သိန်း ၂၅၀၀ ဆိုသည့် ပမာဏသည် လည်း အိတ်ကပ်ထဲတစ်ဝက်ထည့်နိုင်လျှင်ပင် ကောင်းကောင်း ရင်းနှီးစားသောက်နိုင်သည့် ပမာဏပင် မဟုတ်ပါလား။ ရှေ့တွင် ထောက်ပို့ခေါင်းစဉ်တပ်၍ ချမ်းသာသွားသူများကိုကြည့်ပြီး သူတို့လည်း မီရာကားဖြင့်လိုက်ကာ အချီကြီးကြံနေခြင်းလည်း ဖြစ်နိုင်သည်ဟု တော်လှန်ရေးသမားထဲကပင် ထောက်ပြ ပြောဆို မှုများကိုလည်း တွေ့မြင်နေရလေသည်။

ကြောက်စရာ မကောင်းသည့် စိန်ခေါ်မှု
    သူ့အကြောင်းကိုပြောသဖြင့် တော်လှန်ရေး ဘက်အခြမ်းက လူများတော်တော် မကျေမနပ်ဖြစ် နိုင်ပါသည်။ အဘယ့်ကြောင့် မကျေမနပ် ဖြစ်နိုင်သနည်းဟုဆိုလျှင် သူက တော်လှန်ရေးဘက်အခြမ်းက လူများအားလုံးနှင့် တစ်ယောက် ယှဉ်ဖိုက်ရဲသောသူ ဖြစ်သောကြောင့် တော်လှန်ရေးဘက်အခြမ်းက လူများမတို့ရဲမထိရဲသူ ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ သူ့အကြောင်းပြောလျှင် တော်လှန်ရေးဘက်အခြမ်းကသူ ဖြစ်ဖြစ်၊ တော်လှန်ရေးကို မထောက်ခံသူဖြစ်ဖြစ် မည်သူမဆို အစွဲကင်းကင်းဖြင့် လေ့လာမှ သူပြောသည့်အကြောင်းအရာများကို တိတိကျကျ နားလည်နိုင်မည်ဟု ဦးစွာ ပြောလိုပါသည်။ 
    သူဆိုသည်က တော်လှန်ရေးဘက်အခြမ်းက သူခိုးများကို ဦးတည်ဖော်ထုတ်နေသည့် ဥက္ကာမင်းမောင်ဆိုသူဖြစ်သည်။ ဥက္ကာမင်းမောင်က သည်ရက်ပိုင်း မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာ တစ်ခုအပေါ် ဆိတ်ခေါင်းချိတ်၍ ခွေးသားရောင်းနေသူကို ဖော်ထုတ်သည့်အလား စိန်ခေါ်မှုတစ်ခုကို ပြုလုပ်ထားလေသည်။ သူစိန်ခေါ်ထားသူက ]မြန်မာသံအမတ်ကြီးရှိတဲ့ မြန်မာပွဲ ဥက္ကာမင်းမောင် အရောက်ကိုလာခဲ့ဦးမှာ၊ မေးမယ့်မေးခွန်းတွေ ဖြေရဲမလား စောင့်ကြည့်တာပေါ့၊ တစ်ခွန်းမရိုင်းဘဲ မျက်နှာချင်းဆိုင် သံအမတ်ကြီးရဲ့ မျက်လုံးကို တည့်တည့်ကြည့်ပြီး ဒဲ့မေးချင်လိုပါ"ဟု လမ်းဘေးစရိုက်ဖြင့်မေးမည် မဟုတ်ကြောင်းနှင့် လူကြီးလူ ကောင်းဆန်ဆန် မေးမြန်းလိုကြောင်း ရှင်းရှင်းလင်းလင်း ပြောထား လေသည်။
    ဥက္ကာမင်းမောင်သိလိုသည့် မေးခွန်းများထဲက "တော်လှန်ရေးက ခြောက်နှစ်နီးပါးသာ ကြာလာတယ် ခြုံငုံပြောရရင် တော်လှန်ရေးသူခိုးတွေ သူဌေးဖြစ်၊ လူ့အသက်ပေါင်းများစွာ ကြွေလွင့်၊ ပြည်သူတွေ အနာဂတ်ပျောက်၊ တိုင်းပြည်ဆုတ်ယုတ်ပျက်စီး၊ သံအမတ်ဖြစ်သူက တစ်နေ့တစ်နေ့ UN မိန့်ခွန်းတက် ပြောနေတာကလွဲပြီး တိုင်းပြည်မှာ ဘာမှထူးခြားပြောင်းလဲမလာဘူး။ မပြီးဆုံးနိုင်သော မိန့်ခွန်းပြောခြင်းတွေ၊ စကားတွေချည်းပြောနေတာ သံအမတ်ကိုယ်တိုင် Speak Out တော့ရော ဘာများ ထူးခြားပြောင်းလဲသွားခဲ့လို့လဲ"ဟု သူခိုးအဝန်း အဝိုင်းက သူခိုးအားပေးလုပ်နေသည်များကို ပြောပြထားလေသည်။
    ဦးကျော်မိုးထွန်းအနေနှင့် ဥက္ကာမင်းမောင်နှင့် တွေ့ဆုံဖြစ်လျှင် ဦးကျော်မိုးထွန်း အကြောက်ဆုံး မေးခွန်းဖြစ်သည့် "သြော် ဒါနဲ့... စိတ်မပူပါနဲ့... အပြင်မှာတွေ့လို့ ကျွန်တော့်မေးခွန်းတွေ ဖြေတဲ့အခါ လူတွေသိချင်နေကြတဲ့ သံအမတ်ရဲ့ ဂယက် ၂ ဒသမ ၆ သန်းအကြောင်း မမေးပါဘူး"ဟု အနေကျပ် မည်စိုးသဖြင့် တစ်ခါတည်း ပြောထားလေသည်။
    တိုင်းပြည်ကို မငြိမ်းချမ်းစေချင်သူများထဲတွင် ဦးကျော်မိုးထွန်းတို့ကဲ့သို့သူများ ပါဝင်နေကြောင်း တိတိကျကျမေးလိုကြောင်းနှင့် UN တွင် ဇာတ်ညွှန်းလှလှဖြင့် ရုပ်ရှင်ရိုက်ကာ ငိုပြနေပေမယ့် ပြင်ပအခြေအနေတွင် ပြုံးပျော်နေကြောင်းကိုလည်း ထောက်ပြထားသည်။ "သံအမတ်က UN မှာ ငိုပြတာ တစ်ရက်ပဲ၊ ကျန်တာ တော်လှန်ပွဲတွေတက်ရင် သံအမတ်ကိုယ်တိုင် ပျော်ပျော်ရွှင်ရွှင် သာသာယာယာပဲလေ၊ ကျွန်တော်တောင် ကို R-ဇာနည်တို့ရဲ့ပွဲမှာ သံအမတ်ကြီး ပြုံးပျော်နေတာကို တွေ့လိုက်တဲ့ကိစ္စ၊ ပွဲခင်းကလူတွေ အားလုံးလဲတွေ့တယ်။ UN မှာ တစ်ရက်တာ၊ တစ်ခဏငိုပြလည်း တကယ်က ပြည်တွင်းက မိသားစုတွေ ထာဝရဆုံးရှုံးရတဲ့ ပြည်သူတွေ ငိုကြွေးနေရတာ နေ့တိုင်းဆိုတာ မမေ့ပါနဲ့"ဟု အရှိ တရားကို လက်ခံတတ်ရန် သတိပေးထားလေသည်။
    ဥက္ကာမင်းမောင်အနေနှင့် ဦးကျော်မိုးထွန်းကို အလင်းပြလိုသည့်စကားကို "မြန်မာသံအမတ်က အမှန်တရား အလင်းပြဖို့၊ ငြိမ်းချမ်းရေးစကားပြောဖို့ ဘာကို ဂရုစိုက်နေတာလဲ၊ တော်လှန်ရေး သူခိုးတွေအကြောင်း ဖော်ထုတ်တာ၊ ငြိမ်းချမ်းရေးစကားပြောတာ ဒုစရိုက်မှု ပြုခိုင်းနေတာမှ မဟုတ်တာ ဘာကြောက်စရာရှိလဲ"ဟု လက်တွေ့ အမှန်တရားအတွက် စိန်ခေါ်စကား ပြောထားလေသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း အစွဲကင်းကင်းဖြင့်ကြည့်လျှင် ဥက္ကာမင်းမောင် စိန်ခေါ်သည့် စကားက ဓမ္မနှင့်အဓမ္မ တိုက်ပွဲဆိုလျှင် မရှင်းရဲစရာအကြောင်း မရှိဟုသာ ဆိုနိုင်မည် မဟုတ်လား။ မှန်ကန်နေသည်ဟု ယုံကြည် sလျှင် နောက်တွန့်စရာအကြောင်း မရှိဟုသာ ဆိုချင်ပါသည်။
ရွှေထီး  

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 35

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

67909

© 2022 - 2026 News. All Rights Reserved.