ဂန္ထဝင်ဖြူစင် ပရဟိတအသင်း(ဗဟို)မှ စာပေ ပရဟိတ ထူးချွန်သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့် 

၂၀၂၄ ဇန်နဝါရီ ၂
    ဂန္ထဝင်ဖြူစင် ပရဟိတအသင်းကြီး (ဗဟို)၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ်နေ့အဖြစ် စာပေပရဟိတ ထူးချွန် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင် ဘွဲ့အပ်နှင်းခြင်းနှင့် ဂုဏ်ပြုပူဇော်ပွဲတွင် ဝေဠုကျော်နှင့် ထူးခန့်ကျော်တို့လည်း ရရှိခဲ့ကြောင်း သိရသည်။
    အဆိုပါဂန္ထဝင်ဖြူစင် ပရဟိအသင်းကြီး(ဗဟို)၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ်နေ့အဖြစ် စာပေပရဟိတ ထူးချွန်ဆရာတော်များနှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းခြင်းနှင့် ဂုဏ်ပြုပူဇော် ပွဲကို ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗဟန်းအားကစားကွင်းတွင်းရှိ M3 Food Center တွင် ကျင်းပခဲ့ဖြစ်ကြောင်း၊ ဂုဏ်ထူးဆောင်ဘွဲ့အား တိုင်းနှင့်ပြည်နယ်အသီးသီးမှ သံဃာ တော် ၄၃ ပါး၊ လူပုဂ္ဂိုလ် ၄၂ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ 
    ဂန္ထဝင်ဖြူစင် ပရဟိအသင်းကြီး (ဗဟို) ဥက္ကဋ္ဌ ဒေါ်သိန်းခင်က "ဒီနေ့တက် ရောက်လာတဲ့ ဆရာတော်များ၊ ဆရာလေးများ တိုင်းနဲ့ ပြည်နယ်အသီးသီးက ပရဟိတများသည်လည်း ၁၀ နှစ်ပြည့်မှာ အတူတူ လက်တွဲပြီး လုပ်လာကြတဲ့ ဘာသာရေး၊ သာသနာရေး၊ ကျန်းမာရေး၊ ပညာရေး ဘေး အန္တရာယ်အမျိုးမျိုးကို လက်တွဲပြီး ဆောင်ရွက်လာကြသူ များဖြစ်ပါတယ်။ အသင်းအနေနဲ့ ဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့ရတဲ့ အချိန်မှာ ကျွန်မတို့လိုအသင်းကြီးမျိုး များများပေါ်ထွက်ပါ စေလို့ ဆန္ဒပြုပါတယ်"ဟု ပြောကြားခဲ့သည်။ 
    ဂန္ထဝင်ဖြူစင် ပရဟိအသင်းကြီး (ဗဟို)အနေဖြင့် နိုင်ငံတစ်ဝန်းတွင် ရေဘေး၊ လေဘေး စသည့်သဘာဝဘေး အန္တရာယ်များ ကြုံတွေ့ခဲ့သည့် ဒေသများအပြင် ဆင်းရဲနွမ်းပါးသည့် ဒေသများကို ပရဟိတလူမှု အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့်အသင်းအဖွဲ့ဖြစ်ကြောင်း သိရသည်။ 

Total Views ~ 330

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.