Breaking

ငွေဆောင်၊ ချောင်းသာနှင့် ရွှေသောင်ယံ ကမ်းခြေများသို့ ဒီဇင်ဘာ အားလပ်ရက်အ တွင်း လာရောက်လည်ပတ်သူ အလွန်များ ပြား

၂၀၂၃၊ ဒီဇင်ဘာ ၂၇
    လတ်တလော ဒီဇင်ဘာ အားလပ်ရက်ကာလတွင် နာမည်ကျော်ကမ်းခြေများ ဖြစ်သည့် ငွေဆောင်၊ ချောင်းသာကမ်းခြေများသို့ လာရောက်လည်ပတ်သူ အလွန်များပြားလျက်ရှိပြီး တစ်ဆက်တည်းဖြစ်သည့် ရွှေသောင်ယံကမ်းခြေတွင်လည်း အလွန်စည်ကားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
    အဆိုပါကမ်းခြေများရှိ ဟိုတယ်များသည် ခရစ္စမတ်ပိတ်ရက်မှစကာ အခန်း အားလုံး ပြည့်လုနီး ပါးဖြစ်နေပြီးလာမည့် New Year  ကာလအတွက် အခန်းဘွတ်ကင် ကြိုတင်မှာယူထားကြသူများလည်း အများအပြားရှိကြောင်း ငွေဆောင်ကမ်းခြေရှိ Sandy Bay Resort  မှ ပြောသည်။
    "လူကတော့များတယ် ခရစ္စမတ် မှာတော့အပြည့်ပဲ New Year အတွက် ကြိုတင်မှာထားကြတာလည်းရှိတယ်။ အခြား ဟိုတယ်တွေမှာလည်း လူများတယ်။ သူတို့ဆီမှာ ပြည့်မပြည့်တော့ မသိဘူး"ဟု ပြောသည်။
    နာမည်ကျော် အပန်းဖြေကျွန်းများဖြစ်ကြသည့် အပျိုစင်ကမ်းခြေခေါ် ဂေါ်ရန်ဂျီကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်းနှင့် ကျွန်းလျားရှည်တို့တွင်လည်း သွားရောက်အပန်း ဖြေသူများပြားလျက်ရှိကာ အလှဓာတ်ပုံရိုက်ခြင်း၊ ရေငုပ်အပန်းဖြေခြင်း၊ ငါးမျှားခြင်း၊ Speed Boat စီးခြင်းများဖြင့် စည်ကားနေ ကြောင်းဆိုသည်။
    ယခင် ပိတ်ရက်မဟုတ်သည့် ကြားကာလများတွင် အဆိုပါကမ်းခြေများသို့ ပြည်တွင်း၊ ပြည်ပခရီးသွားနေ့စဉ် လူဦးရေ ၁၅၀၀ မှ ၂၀၀၀ ကြာလာရောက်လည်ပတ် လေ့ရှိပြီး သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ ယခုကဲ့သို့သော ဒီဇင်ဘာပိတ်ရက်နှင့် မြန် မာနှစ်ကူးပိတ်ရက်များတွင် နေ့စဉ် တစ်သိန်း ဝန်းကျင် လာရောက်အပန်းဖြေ လည်ပတ် လေ့ရှိသောကြောင့် နှစ်စဉ်ပင် ပိတ်ရက်များ တွင် အလွန်စည်ကားလေ့ရှိပြီး ငွေဆောင်ရှိ ဟိုတယ် ၃၅ လုံး၊ ချောင်းသာနှင့် ရွှေသောင် ယံရှိ ဟိုတယ် ၃၉ လုံး၊ အခြားမိုတယ်များနှင့် တည်းခိုခန်းများသည်လည်း အခန်းရောင်းမ လောက်အောင်ပင် ခရီးသွားအလွန်များ ကြောင်း သိရသည်။
    ဧရာဝတီတိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ ယခုနှစ်စမှ စက်တင်ဘာလအထိ ကိုးလအတွင်း အဆိုပါကမ်းခြေများသို့ ပြည်တွင်းခရီးသွား ၅၂၆၅၂၄ ဦး၊ ပြည်ပခရီးသွား ၃၉၄၈ ဦး စုစုပေါင်း ၅၃၀၄၇၂ ဦးလာ ရောက်လည်ပတ်ခဲ့ပြီးဖြစ်ကာ New Year အပြီးနှစ်ကုန်တွင် တစ်နှစ်ပတ်လုံးအတိုင်းအတာဖြင့် ခြောက်သိန်းမှ ခုနစ်သိန်းကြားရှိမည် ဟု ခန့်မှန်းထားသည်။

Total Views ~ 417

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.