ရန်ကုန် ဒီဇင်ဘာ ၁
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသော ၂၀၂၆ အာရှယူ-၁၇ အမျိုးသား ခြေစစ်ပွဲ ၏ ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲစဥ်အဖြစ် မြန်မာ ယူ ၁၇ အသင်းနှင့် ဆီးရီယား ယူ၁၇ အသင်းတို့ ယှဥ်ပြိုင်ကစားရာ မြန်မာအသင်းနှင့်ဆီရီးယားအသင်း တစ်ဖက် ၂ဂိုးစီသရေရလာဒ်ရရှိခဲ့ပြီး မြန်မာအသင်းအနေနှင့် အုပ်စုတွင်းရမှတ် ၁၀ မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်သည်။
မြန်မာအသင်းအတွက်သွင်းဂိုးများကို ပထမပိုင်းပွဲချိန် ၁၀မိနစ်တွင် ညီညီသန့်၊ ပွဲချိန် ၃၄ မိနစ်တွင် အံ့ထူးပိုင်တို့ကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းအနေနှင့် အုပ်စုတွင်းပွဲစဥ်များတွင်အာဖကန်နစ္စတန်အသင်းကို ၃ ဂိုး ၁ဂိုး၊ နီပေါအသင်းကို မြန်မာအသင်းက ၄ ဂိုး ဂိုးမရှိရလာဒ်ဖြင့်ထပ်မံအနိုင်ယူပြီး တတိယပွဲစဥ်တွင် အိုမန်အသင်းကို ၂ဂိုး ဂိုးမရှိ၊ ဆီးရီးယာအသင်းကို သရေရလာဒ်ဖြင့်အုပ်စုတွင်းရမှတ် ၁၀မှတ်ဖြင့် အုပ်စုပထမနေရာကိုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ HM