တစ်ရက်လျှင် ဆီတန်ချိန် ၅၀ ကြိတ်ခွဲနိုင်သည့် စံချိန်ဆီစက်ရုံ (Refinery Plant)ကို ရွှေပြည်သာမြို့နယ်တွင် ဖွင့်လှစ် 

ရန်ကုန်၊ နိုဝင်ဘာ ၂၇
    တစ်ရက်လျှင် ကြိတ်ခွဲနိုင်စွမ်းအားမှာ ဆီတန်ချိန် ၅၀ ရှိသည့် စံချိန်ဆီစက်ရုံ (Refinery Plant)ကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၂)တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။
    Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၄ ရက်က ရွှေပြည်သာမြို့နယ် အမှတ် (၆၂) ကမ်းနားလမ်းနှင့် ဦးချိန်လမ်းထောင့် စက်မှုဇုန်(၂)၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြန်မာ နိုင်ငံဆီ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် တာဝန်ရှိသူများ၊ စက်မှုဇုန် အသီးသီးမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များနှင့် Global Good Pure Group ကုမ္ပဏီလီမိတက်စံချိန်ဆီစက်ရုံ၏ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်ဇော်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ သည်။
    အဆိုပါ Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant)သည် မြန်မာနိုင်ငံတွင် မြေပဲနှင့် နေကြာဆီထွက်သီးနှံကို စတင်ကြိတ် ခွဲထုတ်လုပ်သော စက်ရုံကြီးတစ်ခု ဖြစ်ပြီး အဆိုပါစက်ရုံမှ တစ်ရက်ကြိတ်ခွဲနိုင်စွမ်းအားမှာ ဆီတန်ချိန် ၅၀ ဖြစ်ပြီး တစ်လလျှင် ဆီတန်ချိန် ၁၅၀၀ ထုတ်လုပ်နိုင်ကြောင်း သိရသည်။ ထို့အပြင် ယင်းစံချိန်ဆီစက်ရုံသည် ပြည်ပဆီတင်သွင်းမှုကို လျော့စေပြီး ပြည် တွင်းစားသုံးမှု ဖူလုံစေရေးတို့တွင် အထောက်အကူပြုနိုင်ကြောင်း သိရသည်။ နဒီ

Total Views ~ 468

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.