Breaking

တညင်းကုန်းဈေးသစ်စီမံကိန်းအဆင့်(၂) ၏ ဈေးရုံ နှစ်ရုံကို ၂၀၂၄ ခုနှစ် မတ်လအတွင်း ဖွင့်လှစ်မည်

၂၀၂၃ နိုဝင်ဘာ ၂၇
    ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တညင်းကုန်း သစ်သီးဝလံ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက်ကားဈေးကြီး ရဲ့ စီမံကိန်းအဆင့်(၂) (Phase-2 ) ရှိဈေးရုံသစ်နှစ်ရုံကို ၂၀၂၄ ခုနှစ် မတ်လ အတွင်း ဖွင့်လှစ်ရန်လျာထားကြောင်း မြန်မာအက်ဂရို အိတ်(စ်)ချိန်းအများပိုင်ကုမ္ပဏီ (Myanmar Agro Exchange Public Co.,Ltd - MAEX) မှ သိရသည်။
    Myanmar Agro Exchange Pu-blic Co.,Ltd. Sale Marketingမှ တာဝန်ရှိသူ တစ်ဦးက "တညင်းကုန်း သစ်သီး ဝလံ၊ ဟင်း သီးဟင်းရွက်နဲ့ ပန်းမန်လက်ကား ဈေးကြီးကို Phase-1 ၊ Phase-2  ဆိုပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။ Phase-1 မှာ ဈေးရုံကြီးလေးရုံ လည်ပတ်နေပြီး လူနေပွဲရုံ အဆောက်အ အုံ အလုံး ၆၀ ကျော် တည်ဆောက်အကောင်အထည် ဖော်ထားပါတယ်။ စတင်ရောင်းဝယ် ဖောက် ကားနေကြပြီဖြစ်ပါတယ်။ ဈေးရုံကြီးလေးရုံနဲ့ လည်ပတ်နေရုံမဟုတ်ဘဲ ဒီနှစ်ပိုင်းကစပြီး Phase-2 ပေါ့။ ဈေးရုံအသစ်တွေ ထပ်ပြီး အကောင်အထည်ဖော်နေတယ်။ ဈေးရုံ-၅၊ ဈေးရုံ-၇ ဆိုပြီး တည်ဆောက် နေပြီးတော့ ဒီဈေးရုံ နှစ်ရုံကို လာမယ့်နှစ်မတ်လလောက် ဆိုရင် ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
    တညင်းကုန်းဈေးကြီးတွင် လက်ရှိ စီမံကိန်းအဆင့်(၁) Phase-1 တွင် ပါဝင်သည့် ဈေးရုံကြီးလေးရုံ လည်ပတ်လျက်ရှိကြောင်း၊ စီမံကိန်းအဆင့်(၂) အဖြစ်ဈေးရုံသစ်ကို ထပ်မံအကောင်အထည်ဖော် လျက်ရှိကာ ဈေးရုံအမှတ်(၅)နှင့် ဈေးရုံအမှတ်(၇)တို့ကို လာမည့်မတ်လတွင် ဖွင့်လှစ်နိုင်ရန် လျာထား ခြင်းဖြစ်ကြောင်း၊ အသစ်တည်ဆောက်သည့်ဈေးရုံတွင် ကုန်ခြောက်ဆိုင်များ ထည့်သွင်းဖွင့်လှစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပန်းမန်ဆိုင်များ၊ ကုန် စိမ်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် သား ငါးဆိုင်များ ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။
    လက်ရှိမှာ ဈေးရုံလေးရုံဖြင့်လည် ပတ်လျက်ရှိပြီး ဈေးရုံ(၁) တွင် သစ်သီးဆိုင်များ၊ ဈေးရုံ(၂) တွင် ဟင်းသီးဟင်းရွက် ဆိုင်များ၊ ဈေးရုံ(၃)တွင် ကုန်ခြောက်ဆိုင်များ၊ ဈေးရုံ(၄)တွင် ရာသီပေါ် သီးနှံဆိုင်များဖြင့် ရောင်းဝယ်ဖောက်ကား လျက်ရှိနေ ကြောင်း၊ အဆိုပါ တညင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက်ကားဈေးကြီးကို ၂၀၁၈ ခုနှစ်မှ စတင်ဖွင့်လှစ်၍ MAEX မှ စီမံခန့်ခွဲ လျက်ရှိနေပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)နှင့် အကျိုးတူပူးပေါင်း၍ မြေအကျယ် ဧက ၈၀ ကျော်တွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Total Views ~ 660

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.