Breaking

ထိုင်းနိုင်ငံသို့  မြန်မာ့ပြောင်းဖူးစေ့တန်ချိန် ၂၉၀၀၀ ကျော်ကို ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့နိုင်ရေး ဆောင်ရွက်နေ

ရန်ကုန်၊ ဧပြီလ ၂၃
    ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းဖူးစေ့ တန်ချိန် ၂၉၀၀၀ ကျော်ကို ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ထားသည်။
    နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင် ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက် လျက်ရှိရာ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင် ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၀ ရက်တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သော ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့ တန်ချိန် ၁၂၇၀၀ တင်ပို့ခဲ့ကြောင်း သိရသည်။
    ထို့ပြင် ဧပြီ ၂၁ ရက်တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူးစေ့တန်ချိန် ၆၆၀၀၊ ဧပြီ ၂၂ ရက်တွင် မင်းထက်မင်းဆိပ်ကမ်းမှ ပြောင်းဖူးစေ့ တန်ချိန် ၂၇၀၀ တင်ပို့ခဲ့ပြီး ဧပြီ ၂၅ ရက် တွင် ယခင် ဗိုလ်အောင်ကျော် ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၇၁၅၀ ဆက်လက်တင်ပို့သွား မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်း ထုတ် ပြန်ထားသည်။

Total Views ~ 334

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61517

© 2022 - 2026 News. All Rights Reserved.