ထီဝါသနာရှင်များ အောင်ဘာလေ အွန်လိုင်းထီကို Mytel ဖုန်းဘေလ်ဖြင့်လည်း ဝယ်ယူကံစမ်းနိုင်

၂၀၂၄ ၊ ဇန်နဝါရီ ၂၃ 
    ထီဝါသနာရှင်များအနေဖြင့် အောင်ဘာလေအွန်လိုင်းထီကို Mytel ဖုန်းဘေလ်ဖြင့် ဝယ်ယူကံစမ်း နိုင်ပြီဖြစ်ကြောင်းအောင် ဘာလေအွန်လိုင်းသိန်းဆုထီ Application မှ အသိပေးကြေညာထားသည်။
    ဇန်နဝါရီလမှစတင်ကာအောင် ဘာလေအွန်လိုင်းသိန်းဆုထီစနစ်ကို  Mytel ဖုန်းဘေလ်ဖြင့်သာ ကံစမ်း၍ ရမည်ဖြစ်ပြီး တခြား Operator များဖြင့်လည်း မကြာခင်အသုံးပြု၍ရနိုင်ရန် အမြန်ဆုံးကြိုးစားဆောင်ရွက်နေကြောင်း အသိပေးထားသည်။
    "ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ KPay, CB Pay, AYA Pay  အစရှိတဲ့ Mobile Wallet တွေမှာ ပိုက်ဆံမရှိရင်လည်း ဒီလကစပြီး ဖုန်းဘေလ်နဲ့စတင် ထီကံစမ်းပြီး သိန်းပေါင်းများစွာ ပိုင်ဆိုင်နိုင်မယ့် အိပ်မက်ကို အကောင်အထည်ဖော်နိုင်ပါပြီ"ဟု အောင်ဘာလေအွန်လိုင်းသိန်းဆုထီ Application မှ အသိ ပေးထားသည်။
    Mytel ဖုန်းဘေလ်ဖြင့် 'အောင်ဘာလေ အွန်လိုင်းထီ'ဝယ်ယူကံစမ်းနိုင်ရန်အတွက် အောင်ဘာလေ Application သို့ဝင်၍ မိမိကြိုက်နှစ်သက်သော ထီလက်မှတ်ကို ရွေးချယ်ဝယ်ယူရမည်ဖြစ်ပြီး ငွေပေးချေရာတွင် Application မှ Choose Payment အတွင်း ဝင်၍ Phone Balance  ကို ရွေးချယ်ကာ ငွေပေးချေမှု လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့နောက် အောင်ဘာလေ Application မှ OTP ကုတ်ကျလာပြီဆိုလျှင် မိမိ ရွေးချယ်ထားသော ထီလက်မှတ်အား ဖုန်းဘေလ်ဖြင့် ဝယ်ယူမှု အောင်မြင်မည်ဟု အသိပေးထားသည်။

Total Views ~ 595

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.