ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် သုခဒဂုံအိမ်ရာနေထိုင်ခွင့် မဲနှိုက်ရွေးချယ်

၂၀၂၃ နိုဝင်ဘာ ၁၄

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ငှားရမ်းနေထိုင်ခွင့်ရသူတွေကို နိုဝင်ဘာ ၁၃ ရက်က စတင်မဲနှိုက် ရွေးချယ်ပေးနေတယ်လို့ အဲဒီ ပြည်သူ့အငှားအိမ်ရာနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးကော်မတီက သိရပါတယ်။

ငှားရမ်းနေထိုင်ခွင့် လျှောက်လွှာတင်သွင်းသူဦးရေ ၁၁၀၀၀ ကျော်ရှိတဲ့အနက် ပြန်လည်စိစစ်ပြီး အချက်အလက်နဲ့ ကိုက်ညီသူဦးရေ ၆၇၈၇ ယောက်က အခန်းပေါင်း ၁၉၆၈ ခန်းအတွက် မဲနှိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို မဲနှိုက်ရွေးချယ်တာကို နိုဝင်ဘာ ၁၄ ရက်မှာလည်း ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မဲပေါက်သူတွေက နိုဝင်ဘာလ ၂၀ ရက်ကနေ ၃၀ ရက်အတွင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာရုံးမှာ အိမ်ငှားစာချုပ် ချုပ်ဆိုတာတွေနဲ့ အိမ်လခပေးသွင်းတာတွေ လာရောက်ဆောင်ရွက်ရမှာဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်ကစတင်ကာ မိမိတို့ မဲပေါက်ထားတဲ့အခန်းမှာ တက်ရောက်နေထိုင်ခွင့်ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ဒုတိယအသုတ်အတွက် ငှားရမ်းနေထိုင်ခွင့် လျှောက်လွှာတွေခေါ်ယူသွားမယ်လို့ သိရပါတယ်။

Total Views ~ 434

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62641

© 2022 - 2026 News. All Rights Reserved.