Breaking

နစက ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂)ခုတွင် ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့် ဒုဝန်ကြီးတစ်ဦးထပ်မံခန့်အပ်

၂၀၂၄ ဇန်နဝါရီ ၂၃

နစက ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၃) တွင် ပြည်ထောင်စု ဝန်ကြီးတစ်ဦးနှင့် နစက ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၄) ဒုတိယဝန်ကြီးတစ်ဦး ထပ်မံ ခန့်အပ်လိုက်သည်။

အဆိုပါ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုဝန်ကြီး ခန့်အပ်ကြောင်းကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ ဇန်နဝါရီ (၂၂) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

နစက ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်ကျော်ဟိုးအား ခန့်အပ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် (၇/၂၀၂၄) အရ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် နစက ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးအား ယနေ့ ဇန်နဝါရီ (၂၂) ရက်ရက်စွဲဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ အမိန့်အမှတ် ၈/၂၀၂၄ အရ ခန့်အပ်ကြောင်း အမိန့်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

Total Views ~ 461

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61517

© 2022 - 2026 News. All Rights Reserved.