Breaking

နိုင်ငံတော်က အားထားရသော EV နည်းပညာရှင်များဖြစ်စေရေး ကြိုးပမ်းလေ့ကျင့်ကြရန် နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ပြောကြား

ရန်ကုန်၊ ဇန်နဝါရီ ၈
    နိုင်ငံတော်က အားထားရသော အရည်အသွေးပြည့်မီသည့် EV နည်းပညာရှင်များဖြစ်စေရေး မဆုတ်မနစ် ကြိုးပမ်းလေ့ကျင့်ကြရန် လိုအပ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက တိုက်တွန်း ပြောကြားခဲ့သည်။
    TTTC (ဘယ်လင်း) နှင့် အင်းစိန် GTI တို့တွင် ဇန်နဝါရီ ၆ ရက်က ပြုလုပ်ခဲ့သည့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (TTTC) ဘယ်လင်းတွင် ကျင်းပသည့် EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) တွင် ကျင်း ပသည့် ကားဝပ်ရှော့ခ်များမှ စက်ပြင်ဆရာအတွက် ဖွင့်လှစ်သော EV နည်းပညာသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားများသို့ ဒုဝန်ကြီး ဒေါက်တာ အောင်ဇေယျ တက်ရောက်ခဲ့ပြီး အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။
    နိုင်ငံတော်ရှိ ယာဉ်များမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချမှုမှသည် ပြည်သူများအတွက် Sustainable Future ကို တည်ထောင်နိုင်ရန်အတွက် ဦး ဆောင်ကော်မတီက EV ကဏ္ဍဖွံ့ဖြိုးရေးမူဝါဒများကို ၂၀၅၀ ပြည့်နှစ်အထိ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်က အားထားရသော အရည်အသွေး ပြည့်မီသည့် EV နည်းပညာ ရှင်များဖြစ်စေရေး မဆုတ်မနစ်ကြိုးပမ်းလေ့ကျင့်ကြရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
    EV ပြုပြင်ထိန်းသိမ်းမှုသင်တန်းသည် EV အဆင့်မြင့်သင်ထောက်ကူပစ္စည်းများကို Electude Digital Learning Mana-gement System နှင့်တွဲဖက်၍ သင်တန်းကာလသုံးပတ်အတွင်း တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ခြောက်နာရီနှုန်း၊ သင်တန်းချိန် နာရီ ၉၀ ဖြစ်ကြောင်းသိရပြီး ကားဝပ်ရှော့ခ်များမှ စက်ပြင်ဆရာအတွက် ဖွင့်လှစ်သော EV နည်းပညာသင်တန်းသည် သင်တန်းကာလ ငါးရက်၊ တစ်ရက်လျှင် ခြောက်နာရီနှုန်းဖြင့် စုစုပေါင်းသင်တန်းချိန် နာရီ ၃၀ ဖြစ်ကြောင်း သိရသည်။ နဒီ

Total Views ~ 351

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.