နိုင်ငံ့ဝန်ထမ်းများအား ကျပ်၃၀၀၀၀ အပိုထောက်ပံ့ကြေး လစဉ်ထောက်ပံ့မည်

၂၀၂၃ စက်တင်ဘာ ၃၀

နိုင်ငံအတွင်း တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းတွေရဲ့ စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေဖို့အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်လကို ကျပ် ၃၀၀၀၀နှုန်းနဲ့ လစဉ်ခံစားခွင့်ပြုသွားမှာဖြစ်တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အလားတူ အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေက နေ့စားလုပ်သားတွေရဲ့ လုပ်ခကို အလုပ်ချိန် တစ်နေ့ ၈နာရီ အတွက် လက်ရှိသတ်မှတ်ထားတဲ့ လုပ်ခ ကျပ် ၄၈၀၀ အပေါ်မှာ အပိုထောက်ပံ့ကြေးအဖြစ် ကျပ် ၁၀၀၀ တိတိ ထပ်မံခံစားခွင့်ပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အပိုထောက်ပံ့ကြေးခံစားခွင့်ပြုမယ့် ကိစ္စရပ်နဲ့ပတ်သက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အမိန့်ကြေညာစာ ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Total Views ~ 533

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62642

© 2022 - 2026 News. All Rights Reserved.