Breaking

နေပြည်တော်တွင် ကျင်းပနေသည့် ကျောက်မျက် ရတနာပြပွဲ စိတ်ဝင်စားသူပိုများ ၊ ပုလဲအတွဲပေါင်း ၃၀၀ လုံးရောင်းချနိုင်ခဲ့

၂၀၂၃ အောက်တိုဘာ ၂၃

နေပြည်တော်တွင် အောက်တိုဘာ (၂၀) ရက်က စတင်ကျင်းပနေသည့် ၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပြီးခဲ့သည့် (၅၈) ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲထက် စိတ်ဝင်စားသူပိုမိုများပြားကာ လက်ရှိတွင်အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသည့် ပုလဲအတွဲပေါင်း ၃၀၀ လုံးရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ပုလဲအတွဲပေါင်း (၁၅၀) အား ဒုတိယနေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့ခြင်းဖြစ်ပြီး တတိယနေ့ဖြစ်သည့် အောက်တိုဘာ (၂၂) ရက်တွင်လည်း ကျန်ရှိနေသည့် ပုလဲအတွဲ (၁၅၀) ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ဝယ်ယူခဲ့ကြကြောင်း သိရသည်။

ပြည်တွင်းပြည်ပ ရတနာကုန်သည်များသည် ပုလဲတွဲ (၁၅၁) မှ (၃၀၀) အထိကို ကြည့်ရှုစစ်ဆေးကာ ဈေးနှုန်းတင်သွင်းလွှာများအား တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းခဲ့ကြပြီး

ပုလဲအတွဲအမှတ်(၁၅၁)မှအတွဲအမှတ် (၂၂၅)အထိတင်သွင်းထားသည့် တင်ဒါအမှတ်( ၃) ကို နေ့လယ် (၁) နာရီတွင်လည်းကောင်း ၊ ပုလဲအတွဲအမှတ်(၂၂၆)မှ အတွဲအမှတ် (၃၀၀) အထိ တင်သွင်းထားသော တင်ဒါအမှတ်(၄)ကို ညနေ (၅) နာ ရီတွင်တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးပြီး ပုလဲအတွဲပေါင်း (၁၅၀) လုံးရောင်းချရကြောင်း ကြေညာခဲ့သည်။

ပြပွဲ၏ စတုတ္ထနေ့ဖြစ်သည့် ယနေ့အောက်တိုဘာ (၂၃) ရက် တွင်လည်း ကျောက်မျက်အတွဲ (၁၆၀) ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌အောက်တိုဘာ (၂၀) ရက်မှစတင်၍ အောက်တိုဘာ(၂၈) ရက်အထိကျင်းပနေခြင်းဖြစ်ပြီး ပျမ်းမျှအားဖြင့် ဧည့်သည် ၄,၀၀၀ ဝန်းကျင် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ပြပွဲတွင် ပုလဲအတွဲ ၃၀၀၊ ကျောက်မျက်အတွဲ ၁၆၀၊ (A) အုပ်စုမှ ကျောက်စိမ်းအတွဲ ၅၂၀၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၇၃၃ နှင့် (C)အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၇၉၂ ၊ စုစုပေါင်း ကျောက်စိမ်း အတွဲ ၄,၀၄၅ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ရောင်းချ ပေးသွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တိုဘာ (၂၃) ရက်တွင် ဆက်လက်ကျင်းပလျက်ရှိပြီး ကျောက်စိမ်းအတွဲများကို အောက်တိုဘာ (၂၄) ရက်မှ (၂၈) ရက်အထိ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 357

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.