Breaking

နောင်ချိုမြို့နယ်တွင် ဒုဋ္ဌဝတီ တိမ်ပင်လယ်စခန်းသစ် ဖွင့်လှစ်မည်

၂၀၂၃ စက်တင်ဘာ ၂၄
    ရှမ်းပြည်နယ်တွင် တိမ်ပင်လယ်စခန်းများစွာရှိသည့်အနက် နောင်ချိုမြို့နယ် အတွင်း၌ အောက်တိုဘာ ၁ ရက်မှ စတင်၍ 'ဒုဋ္ဌဝတီ' တိမ်ပင်လယ်စခန်းသစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
    'ဒုဋ္ဌဝတီ'တိမ်ပင်လယ်စခန်းသစ်အား ဒေသ၏ သဘာဝကျေးလက်အလှတရားများကို ဖော်ထုတ်ပြသ နိုင်စေရန်၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ဓနုတိုင်းရင်းသားများ၏ ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှု၊ ဓလေ့ထုံးတမ်းများကို ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
    ယခုဖွင့်လှစ်မည့် 'ဒုဋ္ဌဝတီ'တိမ်ပင်လယ်စခန်းသစ်သည် နောင်ချိုမြို့နယ် မဲပုတ်ကျေးရွာရှိ မြေဧက ငါးဧကပေါ်တွင် ဖော်ဆောင်ထားခြင်းဖြစ်ကာ ရောင်စုံဘန်ဂ လို ၁၄ လုံးအပြင် မြင်းစီးကွင်း၊ စက်ဘီးစီးကွင်း၊ ပန်းခြံနှင့် နာနတ်သီးစိုက်ခင်းများကိုပါ ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။
    ထို့ပြင် ဒုဋ္ဌဝတီတိမ်ပင်လယ်စခန်းသို့ လာရောက်လည်ပတ်သူများအား အောက်တိုဘာ ၁ ရက်မှစတင်၍ ညစဉ် ၇ နာရီမှ ၉ နာရီအထိ ကိန္နရီ/ကိန္နရာ အက အလှများ၊ ရှမ်းအိုးစည်နှင့် ဓနုအကအလှများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နောင်ချိုမြို့နယ်အတွင်း၌ ဖွင့်လှစ်ထားသည့် တိမ်ပင်လယ် စခန်း ၁၅ ခုခန့် ရှိပြီဖြစ်ကာ ပြည်တွင်း/ပြည်ပမှ ခရီးသွား ဧည့်သည်များ လာရောက်သူ အများအပြားရှိ ကြောင်း သိရသည်။

Total Views ~ 414

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.