Breaking

ပို့ကုန်/သွင်းကုန်များအပေါ် အခွန်စည်းကြပ် ကောက်ခံခြင်းကို ယခင်အတိုင်း ပြန်လည်ကောက်ခံမည် 

ရန်ကုန်၊ ဇန်နဝါရီ ၂၉
    ပို့ကုန်/သွင်းကုန်များအပေါ် အခွန်စည်းကြပ် ကောက်ခံခြင်းကို ယခင် ကောက်ခံနေသည့် တစ်ဒေါ်လာ ၂၁၀၀ ဖြင့်‌ ပြန်‌လည် ကောက်ခံသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၈/၂၀၂၅ဖြင့် ထုတ်ပြန်ထားသည်။
    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း၊ တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အကောက် ခွန်ဦးစီးဌာနက မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ် ထုတ်ပြန်လျက်ရှိသည့် ဈေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံသည့် အပတ်စဉ် နိုင်ငံခြားငွေလဲ လှယ်နှုန်း (Weekly Exchange Rate) ဖြင့် အခွန်စည်းကြပ် ကောက်ခံမည်ဖြစ်ကြောင်း ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
    ထို့အပြင် တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate)ကို အခြေခံသည့် အပတ်စဉ် နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် အခွန်စည်းကြပ်ကောက်ခံမည်ဖြစ်ကြောင်း၊ ယခင် ထုတ်ပြန်ထားသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၇-၁၂-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၉၀/၂၀၂၄ ကို ဤအမိန့်ကြော်ငြာစာဖြင့် ပယ်ဖျက်လိုက်ကြောင်း၊ ပို့ကုန်/သွင်းကုန်များအပေါ် အခွန်စည်းကြပ်ကောက်ခံခြင်းကို ၂၀၂၅ ဇန်န ဝါရီ ၂၅ မှ စတင် ကောက်ခံလျက်ရှိကြောင်း သိရသည်။  သက်မှူး

Total Views ~ 368

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.