Breaking

ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့မှ တရားမဝင် ပြောင်းဆံ (၂၃၀၈၅) အိတ် (တန်ဖိုးငွေ -၈၁၇,၂၂၁,၃၁၀) အား ဖမ်းဆီးရမိ 

ရန်ကုန် ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်တင်ပို့ရန် ရည်ရွယ်ချက်ဖြင့် သယ်ဆောင်လာခဲ့သော ပြောင်းဆံ(၂၃၀၈၅)အိတ် (တန်ဖိုးငွေ -၈၁၇,၂၂၁,၃၁၀) အား ဖမ်းဆီးရမိ ခဲ့ကြောင်းပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ဒီဇင်ဘာ ၄ရက်နေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ပြောင်းဆံများဖမ်းဆီး ရမိခဲ့မှုပေါ် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက" မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး (၂)မျိုးဖြင့် ဆေင်ရွက်လျက်ရှိကြောင်း၊ ပဲခူးမြို့နှင့် ဘုရားကြီးမြို့တို့သည် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်နေသာ လမ်းကြောင်းများဖြစ်သည့် မြဝတီ-ဘားအံ- ရန်ကုန်လမ်းကြောင်း၊ မူဆယ်-လားရှိုး-မန္တလေး-ရန်ကုန်လမ်းကြောင်းတို့ဖြင့် ကုန်သွယ်မှုပြုရာတွင် အဓိကကျသည့် လမ်းဆုံမြို့ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများရရှိစေရန်၊ ဥပဒေဘောင်အတွင်းမှ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် ဈေးကွက်ယှဉ်ပြိုင်မှု မျှတမှုရှိစေရန် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များဖွဲ့စည်းပြီး တရားမဝင် တင်သွင်း/တင်ပို့မှုများ ကို ရှာဖွေဖော်ထုတ်စစ်ဆေးအရေးယူရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ တာဝန်ပေးအပ်ခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်တင်ပို့ရန် ရည်ရွယ်ချက် ဖြင့် သယ်ဆောင်လာခဲ့သော ပြောင်းဆံ(၂၃၀၈၅)အိတ်(တန်ဖိုးငွေ-၈၁၇,၂၂၁,၃၁၀)အား ဖမ်းဆီးရမိခဲ့အတွက် တရားမဝင်တင်ပို့သည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ဥပဒေနှင့်အညီ အမှုဖွင့်တရား စွဲဆို ဆောင်ရွက်နိုင်ခဲ့သလို အင်တိုက်အားတိုက် တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ဝန်ထမ်းများ ကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးတရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း(၆၆၄၀)ကျော်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုဝင်ဘာလ ကုန်အထိ ငွေကျပ်(၅၄၂၃)သန်းကျော် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်

Total Views ~ 325

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.