Breaking

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ မှ ၂၀၂၄အတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်ဒေါ်လာ ၂၀၀ ဒသမ ၁၁၅ သန်းနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု မြန်မာကျပ်ငွေ ၈၁၁၁၁ ဒသမ ၀၁၁ သန်း ဝင်ရောက်ခဲ့

ရန်ကုန်၊ ဇွန် ၄
    ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် မေလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ် နှံမှုနှင့် အမေရိကန်ဒေါ်လာ ၂၀၀ ဒသမ ၁၁၅ သန်းနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု မြန်မာကျပ်ငွေ ၈၁၁၁၁ ဒသမ ၀၁၁ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အ လမ်း ၁၂၄၉၀ ဖန်တီးပေးနိုင်ခဲ့ကြောင်း အစိုးရအဖွဲ့မှ သိရသည်။
    ယခုအခါ လုပ်သားအင်အားများများ တစ်ပြိုင်တည်း အလုပ်အကိုင် အခွင့်လမ်းပေးနိုင်သည့် CMP လုပ်ငန်းများကိုလည်း လာရောက်လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။
    "ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေက အခြေခံအားဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ လုံလောက်တဲ့ မြေဧရိယာပေါများမှု၊ လုပ်သားအင်အားပေါကြွယ်ဝမှုနဲ့အတူ ဘေးကင်းလုံခြုံပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အာမခံချက်ရှိတဲ့ နေရာတွေကိုသာ အဓိက ရွေးချယ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ လုပ်သား အင်အားများများ တစ်ပြိုင်တည်း အလုပ်အကိုင် အခွင့်လမ်းပေးနိုင်တဲ့ CMP လုပ်ငန်းတွေကို လာရောက်လုပ်ကိုင်နိုင်ဖို့ ဖိတ်ခေါ် ဆောင်ရွက်နေပါတယ်"ဟု ၎င်းက ပြောသည်။ 
    ဇွန် ၁ ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄)ကျင်းပခဲ့သည်။

Total Views ~ 354

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.