Breaking

ပြည်တွင်း အထည်ချုပ်လုပ်ငန်းတွင် တရုတ်နိုင်ငံမှ ရာခိုင်နှုန်း ၆၀ ကျော် ရင်းနှီးမြှုပ်နှံထား

ရန်ကုန်၊ ဒီဇင်ဘာ ၁၁
    မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု၏ ရာခိုင်နှုန်း ၆၀ မှာ တရုတ်နိုင်ငံမှဖြစ်ပြီး ဒေသတွင်းအလုပ်ကိုင် အခွင့်အလမ်းပေါင်း သုံးသိန်းကျော် ဖန်တီပေးနိုင်ခဲ့ကြောင်း၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်က မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားသို့ မြန် မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing တက်ရောက်ရာတွင် ပြောကြားခဲ့သည်။
    ဒီဇင်ဘာ ၆ ရက်တွင် Chinese Textile & Garment Association in Mya-nmar(CTGA) နှင့် ကျဲ့ကျန်း (Zhejiang) ပြည်နယ် ကူးသန်း ရောင်းဝယ်ရေးဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသည့် '၂၀၂၄ ခုနှစ် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ'ကို Yangon Convention Center (YCC)  တွင် ဖွင့်လှစ်ကျင်းပခဲ့သည်။
    အခမ်းအနားသို့ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing ၊ မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်း၊ CTGA ဒုတိယဥက္ကဋ္ဌ Mr. Zhang Xinmin  တို့ တက်ရောက်ခဲ့သည်။     
    သံမှူး Mr. Ouyang Daobing က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အထည်အလိပ်နှင့်အထည်ချုပ်ကဏ္ဍ၏ အရင်းနှီးဆုံး သော ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု၏ ရာခိုင်နှုန်း ၆၀ မှာ တရုတ်နိုင်ငံမှဖြစ်ပြီး ဒေသတွင်း အလုပ်အ ကိုင်အခွင့်အလမ်းပေါင်း သုံးသိန်းကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထိန်လင်းက အဆိုပါပြပွဲ အဆင်ပြေစွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုခဲ့ပြီး ပြပွဲကိုအကြောင်းပြု၍ မြန်မာ့ထုတ်ကုန်များကို ပိုမိုကောင်းမွန်စွာ မိတ်ဆက်ပြီး မြန်မာ့အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းကို နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်လာစေရန် ဖော်ဆောင်သွားဖို့မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
    ပြပွဲတွင် အထည်အလိပ်၊ အဝတ်အထည်၊ စက်ယန္တရား၊ သေတ္တာ၊ အိတ်၊  ဖိနပ်၊ ဦးထုပ်စသည့် ကဏ္ဍများမှ လုပ်ငန်းကုမ္ပဏီပေါင်း ၁၂၀ ကျော် ပါဝင်ပြသခဲ့ကြသည်။ ထူးမြတ်

Total Views ~ 403

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.