Breaking

ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဦးဆောင်ပြီး တိုင်းဒေသကြီးအဆင့်ပါတီများပေါင်း၍ Alliance ပုံစံ စုဖွဲ့မည်

၂၀၂၄ ၊ ဧပြီ ၃၀
    ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ဦးဆောင်ပြီး တိုင်းဒေသကြီးအဆင့် ပါတီများပေါင်း၍  Alliance ပုံစံ စုဖွဲ့မည်ဖြစ်ကြောင်း ယင်းပါတီမှ သိရသည်။
    "ကျွန်တော်လည်း ငြိမ်းချမ်းရေး ဘက်မှာရှိနေတော့ ငြိမ်းချမ်းရေးပါတီတွေ ထောင်မယ်၊ ပြီးမှ အားလုံးပေါင်းမယ်။ ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီကနေ ဦးဆောင်ပြီးတော့ အကုန်ပေါင်းမယ်လေ။ အဲဒါလည်း မန္တလေးမှာလည်း ဖွဲ့ဖို့စီစဉ်နေတယ်။ တိုင်းဒေသကြီးအဆင့် ပါတီ တွေပဲလုပ်မယ်။ လုပ်ပြီးပေါင်းမယ်။
    Alliance ပုံစံပေါ့။ အဲဒီမှာ Unity အလံတစ်ခုလုပ်ပြီးတော့ Alliance လုပ်မယ်။ အဲဒီမှာ ရွေးကောက်ပွဲ ကိစ္စလည်း အဲဒီ ခေါင်းစဉ်အောက်က ဝင်လို့ရတယ်။ အဲဒီလိုမျိုးဆိုတော့ ပါတီက အားရှိတာပေါ့။ အခုဆိုရင်တော့ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီဆိုတာ ထွက်လာပြီပေါ့။ ငြိမ်းချမ်းရေး အကျိုးဆောင်ပါတီ။ နောက်အဲဒီလိုမျိုး ထပ်ထွက်လာအောင် ကြိုးစားသွားမှာပါ"ဟု ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ(၁) ဦးရန်နိုင်ဝင်းက ပြောသည်။
    ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပါသော တိုင်းဒေသကြီးအဆင့်ပါတီများ ပေါင်းစည်းရန် ရည်ရွယ်ထား ပြီး တချို့နေရာများတွင် ပါတီအသစ် ထပ်မံတည်ထောင်မှုမျိုး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ တိုင်းဒေသကြီးအဆင့်ပေါင်းပြီး National အဆင့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြစ်ကြောင်း ယင်းပါတီမှ သိရသည်။
    "အားလုံးပေါင်းပြီးရင် အလံတစ်ခု ထွက်လာမှာပေါ့။ အဲဒီ အလံတော်ကြီးနဲ့ပဲ ရွေးကောက်ပွဲဝင်မှာပေါ့။ ဖက်ဒရယ်ဒီမိုက ရက်တစ်ကနေ အခုဆိုရင် ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးပါတီ ပေါင်းပြီ"ဟု ဦးရန်နိုင်ဝင်းက ဆက်ပြောသည်။
    ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီ ဦးဆောင်ပြီး တိုင်းဒေသကြီးအဆင့်ပါတီများ ပေါင်း၍ Alliance ပုံစံစုဖွဲ့မှုတွင် ပူးပေါင်းဖွဲ့စည်းမည့်  တိုင်းဒေသကြီးအဆင့် ပါတီအရေ အတွက်နှင့်ပတ်သက်၍ စဉ်းစား နေကြောင်း ယင်းပါတီမှ သိရသည်။

Total Views ~ 609

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.