ဘတ္တရီ လျှပ်စစ်စက်ခေါင်းများ အသုံးပြုကာ ခေတ်မီလေအေးပေးစက်ပါ တွဲဆိုင်းများဖြင့် နေပြည်တော် - မန္တလေး၊ မန္တလေး- နေပြည်တော်  ရထားခရီးစဥ် စတင်ပြေးဆွဲ

နေပြည်တော်၊ နိုဝင်ဘာ ၂၂

ဘတ္တရီ လျှပ်စစ်စက်ခေါင်း အသုံးပြုကာ ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့်နေပြည်တော်-မန္တလေး၊ မန္တလေး-နေပြည်တော် ရထားခရီးစဉ် စတင်ပြေဆွဲခြင်း အခမ်းအနား ကိုယနေ့ နံနက်ပိုင်း နေပြည်တော် ဘူတာကြီး၌ ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့်တာဝန်ရှိသူများတက်ရောက်၍ ခရီးစဥ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

" နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နှင့်အညီ ရထားပို့ဆောင်ရေးကဏ္ဍကို အဆင့်မြှင့်တင်မှုတွေ ဆောင်ရွက်နေပါတယ်။ ဒီဇယ်စက်ခေါင်းများအစား ဘတ္ထရီလျှပ်စစ်စက်ခေါင်းများကို အသုံးပြုလာခြင်းဖြင့် ဒီဇယ်ဆီကုန်ကျမှုကို သက်သာစေနိုင်သလို ဆူညံသံနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်းနိုင်မှာ ဖြစ်ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးက အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားပြီး ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဘတထရီလျှပ်စစ်စက်ခေါင်းဖြင့် မောင်းနှင်သည့် ခေတ်မီလေအေးပေးစက်ပါ တွဲဆိုင်းများဖြင့် နေပြည်တော်ဘူတာမှ တပ်ကုန်းဘူတာအထိ ရထားစီးခဲ့ကြသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် အများပြည်သူများ ရထားဖြင့် ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့နိုင်စေရန် စီစဉ်နေခြင်း ဖြစ်သည်။
ယခင်က နေပြည်တော်-မန္တလေး၊ မန္တလေး-နေပြည်တော် ရထားခရီးစဉ်များသည် RBE ရထားတွဲဆိုင်းများဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်ကာ လက်ရှိ၌ ဘက္ထရီလျှပ်စစ်စက်ခေါင်းများ အသုံးပြု၍ ပြောင်းလဲပြေးဆွဲပေးတော့မည်ဖြစ်သည်။

KH

Total Views ~ 28

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58449

© 2022 - 2025 News. All Rights Reserved.