Breaking

မတ်လအတွင်း အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်သူဟု သံသယရှိသူ ၄၈၀ ကျော်ဖမ်း ဆီးရမိ

ရန်ကုန်၊ ဧပြီ ၂
    မြန်မာ - တရုတ် နှစ်နိုင်ငံအကြား အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက် ရေးအတွက် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင် ရွက်မှုတစ်ရပ်အား ၂၀၂၄ ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် ဆောင်ရွက်ခဲ့ရာ အွန် လိုင်းလိမ်လည်မှုမှ သံသယရှိသူ ၄၈၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့သတင်းများအရ သိရသည်။
    စစ်ဆင်ရေးကာလအတွင်း ၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်မှ ၃၁ ရက် အထိ မြန်မာနိုင်ငံ ရှမ်းပြည်နယ် မူဆယ်မြို့သို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၃၅၂ ဦး (ကျား ၃၃၇ ဦး ၊ မ ၁၅ ဦး) နှင့် မြန်မာနိုင်ငံသား ၄၈၆ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
    အဆိုပါ ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ၃၅၂ ဦးကို တရုတ်နိုင်ငံ၌ လုပ် ထုံးလုပ်နည်းနှင့် အညီ ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နှင်လွှဲပြောင်းပေးခဲ့ရာ ၃၀၀ ကို ၂၉-၃-၂၀၂၄ ရက်တွင်လည်းကောင်း၊ ၃၀ ကို ၃၀-၃-၂၀၂၄ ရက်တွင် လည်းကောင်း၊ ၂၂ ဦးကို ၃၁-၃-၂၀၂၄ ရက်တွင်လည်းကောင်း မူဆယ်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် မန့်ဝိန်းဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့သို့ လုပ်ထုံး လုပ်နည်းနှင့်အညီ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး ၍ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၊ အွန်လိုင်းလောင်း ကစားလုပ်ငန်းများ တားဆီးတိုက်ဖျက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်အရ သိရသည်။

Total Views ~ 544

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.