မန္တလေးမြို့ ငလျင်ဒဏ်သင့် Sky Villa ကွန်ဒိုမှ ရှာတွေ့ခဲ့သည့် ရုပ်အလောင်း ၁၀၀ ကျော်ရှိလာ

ရန်ကုန်၊ ဧပြီ ၃၀
    ပြီးခဲ့သည့် မတ်လ  ၂၈ ရက်က ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြိုကျခဲ့သည့် Sky Villa ကွန်ဒို အဆောက်အအုံမှ  ဧပြီလ ၂၇ ရက်အထိ ရှာဖွေတွေ့ရှိခဲ့သည့်  ရုပ်အလောင်း ၁၀၇ လောင်းအထိ ရှိလာကြောင်း သိရသည်။
    ပြိုကျ ပျက်စီးခဲ့ရသော အဆိုပါ Sky Villa condo ဖယ်ရှားရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၇ ရက်တွင် သေဆုံးသူ အမျိုးသားရုပ်အလောင်းတစ်ဦး ထပ်မံရှာဖွေတွေ့ရှိ သယ်ထုတ်နိုင်ခဲ့သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းထုတ်ပြန်ထား သည်။
    မန္တလေးမြို့ အောင်မြေသာဇံမြို့ နယ် လမ်း ၆၀၊ ၂၂လမ်းနှင့် ၂၃လမ်းအကြားတွင် တည်ရှိသည့် အမြင့် ၁၁ ထပ်ရှိ Sky Villa ကွန်ဒို ငလျင်ကြောင့် ကွန်ဒိုအခန်းအချို့ မြေကြီးအောက် ကျွံဝင်ခဲ့ပြီး ခုနစ်ထပ်သာ ကျန်ရှိပြီး မြေညီထပ်မှစတင်ပြီး မြေကြီးအောက် ကျွံဝင်ခဲ့ခြင်းဖြစ်ကာ လူသေဆုံးမှုများလည်း ဖြစ်ပွားခဲ့သည်။
    ပြိုကျပျက်စီးသွားသော Sky Villa ကွန်ဒိုအဆောက်အအုံနှင့် ပတ်သက်၍ ရှင်းလင်းရေး၊ ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများကို တရုတ်၊ ရုရှားစသည့် နိုင်ငံတကာ အဖွဲ့များနှင့် ပြည်တွင်းရှိ ကယ်ဆယ်ရေးအဖွဲ့ များဖြင့်  ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  ဧပြီ ၂၇ ရက်အထိ အသက်ရှင်လျက် ၅၂ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းထုတ်ပြန်ထားသည်။ နဒီ

Total Views ~ 338

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.