မန္တလေးမြို့တွင် Grand Park Hotel အပေါ်ဆုံး ၃၁ ထပ်အမြင့်မှ ခုန်ချရန် ကြံစည်ခဲ့သည့် စိတ်ဝေဒနာရှင်တစ်ဦးကို မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ခဲ့ရc

၂၀၂၃ ၊ ဒီဇင်ဘာ ၂၅

မန္တလေးမြို့တွင် Grand Park Hotel အပေါ်ဆုံး ၃၁ ထပ်မြောက်အမြင့်မှ ခုန်ချရန် ကြံစည်ခဲ့သည့် စိတ်ဝေဒနာရှင်တစ်ဦးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဘေးကင်းရာသို့ ကယ်ဆယ်ခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ အချိန်ခန့်က မဟာအောင်မြေ မြို့နယ်၊ ၈၄လမ်း၊၃၈x၃၉လမ်းကြား၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ အကွက်အမှတ် (၅၂၄) မင်းစံရပ်ရှိ Grand Park Hotel အပေါ်ဆုံး ၃၁ ထပ်မြောက်ရှိ ရေကူးကန်တွင် ရေကူးရန်ဟုဆိုကာစိတ်ဝေဒနာရှင်အမျိုးသား(၁)ဦးရောက်ရှိလာခဲ့ကြောင်း သိရသည်။

HOtel သို့ ရောက်ရှိလာသူ စိတ်ဝေဒနာရှင်အမျိုးသားက မှန်တံခါးများ လဲလှယ်ရာတွင် စတီးကြိုးတပ် အသုံးပြုသည့် မောင်းတံပေါ်တွင် မတ်တပ်ရပ်၍ ခုန်ချရန် ကြံစည်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းအရ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ် (၃)စီး၊ မဟာအောင်မြေ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ပြောဆို စည်းရုံး၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ခုန်ချရန်ကြံစည်နေသူအား ဒီဇင်ဘာ ၂၄ ရက် ည ၇နာရီ မိနစ်တွင် ဘေးကင်းရာသို့ ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

Total Views ~ 322

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.