Breaking

မလေးရှားနိုင်ငံ ပရဟိတအသင်းများမှ ရေဘေးသင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးပစ္စည်များ ပထမအကြိမ် ပေးပို့လှူဒါန်း

ရန်ကုန်၊ အောက်တိုဘာ ၂
    မလေးရှားနိုင်ငံရှိ လူမှုရေးပရဟိတ အသင်းအဖွဲ့များမှ မြန်မာနိုင်ငံရှိရေဘေးသင့် ဒေသများသို့ လှူဒါန်းသည့် လှူဒါန်းပစ္စည်းများအား မြန်မာသံရုံး ကွာလာလမ်ပူမြို့၏ အစီအစဉ်ဖြင့်  မြန်မာနိုင်ငံသို့ ပထမအကြိမ် ပေးပို့လှူဒါန်းလိုက်ကြောင်း သိရသည်။
    မြန်မာသံအမတ်ကြီး ဦးအောင်စိုး ဝင်းဦးဆောင်သည် သံရုံးကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံရှိ လူမှုရေးပရဟိတ အသင်းများမှ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် မကြာသေးမီက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည့် ရေဘေးသင့် ပြည်သူများအတွက် သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းသည့် လှူဒါန်းပစ္စည်းများအနက် ပထမအသုတ်အဖြစ် လှူဒါန်းသည့် ကီလို ၅၀၀၀ အား မလေးရှားအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လက်ခံရရှိခဲ့ကြောင်း သိရသည်။
    လှူဒါန်းပစ္စည်းများတွင် အဝတ်အထည် (လူကြီး၊ ကလေး)၊ အနွေးထည်၊ ဖိနပ်မျိုးစုံ (လူကြီး၊ ကလေး)နှင့် စောင်တို့ ပါဝင်ပါကြောင်းနှင့် ၎င်းင်းတို့အား မြန်မာသံရုံး ကွာလာလမ်ပူမြို့၏ အစီအစဉ်ဖြင့် စက်တင်ဘာ ၂၈ ရက်တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 
    လှူဒါန်းပစ္စည်းများအား မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ရေဘေး သင့်ပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ သံရုံးအနေဖြင့်လည်း လှူဒါန်းပစ္စည်းများအား ဒုတိယအကြိမ် ဆက်လက်ပို့ဆောင်နိုင်ရေးနှင့် မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများထံသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိစေရေး မလေးရှားနိုင်ငံရှိ ပရဟိတ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 542

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.