မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း Green Energy Solution  ပြိုင်ပွဲ ဝင်ပြိုင်မည်

ရန်ကုန်၊ နိုဝင်ဘာ  ၆
    မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ် ငန်းရှင်များအသင်း (MHA) မှ ၂၀၂၅ ခုနှစ်တွင် Green Energy Solution ဆုရရှိရန် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။
    မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ် ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့အသင်းက မြန်မာနိုင်ငံကိုယ်စားပြု Green Energy Solution ဆုရဖို့ဝင် ရောက်ယှဉ်ပြိုင်သွားမှာပါ။ ဆုရဖို့လည်း ကျိန်းသေကြိုးစားသွားမှာပါ။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဟိုတယ်တွေမှာလည်း Solar Hybrid Energy ရရှိအောင် ကြိုတင်ဆောင်ရွက်နေပါပြီ"ဟု ပြောကြားခဲ့သည်။
    ထို့ပြင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းဆိုင်ရာ အသင်းအနေဖြင့် ရေရှည်လက်တွဲသွားမည့် ဆိုလာ ထုတ်လုပ်သည့် ကုမ္ပဏီများဖြင့် ဆောင်ရွက်သွားရန် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဟိုတယ်လုပ်ငန်းတွင် Green Energy ဖြင့် လျှပ်စစ်ကဏ္ဍရယူပြီး ဝန်ဆောင် မှုပေးလာမည်ဆိုပါက နိုင်ငံ၏ ပုံရိပ်လည်း တိုးတက် ကောင်းမွန်လာမည် ဖြစ်သည်။
    ထို့အပြင် ဆိုလာမှ လျှပ်စစ်မီး သုံးစွဲပြီး ဧည့်သည်များအား ဝန်ဆောင်မှုပေးနေသည်ကို အာဆီယံနိုင်ငံများ သိရှိရန်နှင့် အဆိုပါ ဆုကိုရရှိရန် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ သက်မှူး

Total Views ~ 480

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62641

© 2022 - 2026 News. All Rights Reserved.