မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia စတင်တာဝန်ထမ်းဆောင်ရန် မြန်မာနိုင်ငံ‌သို့ ရောက်ရှိ

နေပြည်တော်၊ သြဂုတ် ၁၃ 
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia သည် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၂ ရက်တွင် စတင်တာဝန် ထမ်းဆောင်ရန် ရန်ကုန်မြို့သို့ ရောက်ရှိကြောင်း သိရသည်။
    သံအမတ်ကြီး Ms. Ma Jia ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် သံတမန်ရေးရာ ဦးစီးဌာနမှ တာဝန်ရှိအရာရှိများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အဓိကသံတမန် အရာရှိများက လေဆိပ်တွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။
    Ms. Ma Jia သည် ၂၀ ယောက်မြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
နဒီ

Total Views ~ 675

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.