Breaking

မြန်မာနိုင်ငံ၏ စွမ်းအင်သစ်ကဏ္ဍများတွင် တရုတ်နိုင်ငံမှလာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

ရန်ကုန်၊ မေ ၂၁
    မြန်မာနိုင်ငံအနေဖြင့် စိမ်းလန်းပြီး ပတ်ဝန်းကျင်အတွက် အကျိုးရှိသည့် စွမ်းအင်သစ်ကဏ္ဍတွင် လျှပ်စစ်ကားများ ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်း ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိရာ ဟူကျိုးမြို့မှ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံ၏ စွမ်းအင်သစ်ကဏ္ဍတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဖိတ်ခေါ်လိုက်သည်။
    တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ကျဲ့ကျန်းပြည်နယ်၊ ဟူကျိုးမြို့၌ ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်တွင် ကျင်းပခဲ့သည့် The Second Beautiful China Dynamic Huzhou Investment and Sci-tech Cooperation Conference & Huzhou Future Conference ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။ 
    အခမ်းအနား၌ သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာအရပ်ရပ်၌ ရာသီဥတု ပြုပြင်ပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှုများကြောင့် စိန်ခေါ်မှုများကြုံ တွေ့နေရချိန်တွင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အနေဖြင့် စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရေးမှာ အရေးကြီးပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလျက် နိုင်ငံနှင့်ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် စံပြဖြစ်သည့် ဟူကျိုးမြို့နှင့် အာဆီယံ၏ မြို့များအကြား သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးမြို့များ (Environmentally sus-tainable cities) တည်ထောင်၍ အတွေ့အကြုံများ ဖလှယ်ခြင်း အစီအစဉ်ကို မြှင့်တင်သင့်ပါကြောင်း ပြောကြားခဲ့သည်။
    ဆက်လက်၍ မြန်မာသံအမတ်ကြီးသည် မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည့် The Second ASEAN-China Conference on Sustainable Development Coope-ration  သို့ ဆက်လက်တက်ရောက်ခဲ့ပြီး အခမ်းအနားသို့ စုစုပေါင်း ဧည့်သည်တော် ၄၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Total Views ~ 506

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.