မြန်မာလုပ်သား ၁၁၀၀ ကျော် ဂျပန်မှ ထပ်မံခေါ်ယူ

ရန်ကုန်၊ ဇူလိုင် ၂၄
    ဂျပန်နိုင်ငံ ကုမ္ပဏီ ၂၀၀ ကျော်က မြန်မာအလုပ်သမား ၁၁၀၀ ကျော် ခေါ်ယူသွားမည် ဖြစ်ကြောင်း ဇူလိုင် ၂၂ ရက်က ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ 
    အဆိုပါ ထုတ်ပြန်ချက်တွင် တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံရှိ  ကုမ္ပဏီတွေက ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ၂၁၈ ခု၏ အချက်အလက်များကို စိစစ်ခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပေးပို့အကြောင်းကြားထားကြောင်း သိရသည်။
    စိစစ်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများမှာ ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားတာ ရှိ၊ မရှိ စာရွက်စာတမ်း အထောက်အထားများကို စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ စိစစ်ချက်အရ မြန်မာအလုပ်သမား အမျိုးသား ၄၀၀ ကျော်၊ အမျိုးသမီး ၆၀၀ ကျော် စုစုပေါင်း ၁၁၀၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်းထားခြင်း ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
    ၂၀၂၄ ခုနှစ် ဇွန် ၂၄ရက်ကလည်း ဂျပန်ကုမ္ပဏီ ၂၀၀ ကျော်က မြန်မာအလုပ်သမား ၇၀၀ ခန့်ကို ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ပေးပို့ထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ခဲ့ပြီး စိစစ်မှုအရ မြန်မာအလုပ်သမား အမျိုးသား ၂၈၀ ခန့်၊ အ မျိုးသမီးအယောက် ၄၀၀ ကျော်၊ စုစုပေါင်း အလုပ်သမား ၇၀၀ ခန့် ခေါ်ယူရန်ကမ်းလှမ်းခဲ့သည်။ ဇွန် ၁၄ ရက်ကလည်း ဂျပန်ကုမ္ပဏီ ၃၆၀ ကျော်က မြန်မာလုပ်သား ၁၅၀၀ ကျော် ခေါ်ယူသွားမည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထားခဲ့သည်။

Total Views ~ 662

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.