Breaking

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအတွက် ရွှေကြိုများ စတင်ခေါ်ယူ

ရန်ကုန်၊ နိုဝင်ဘာ ၂၇
    နေပြည်တော်တွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီဆုဗန်းကိုင်ဆောင်ရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အကယ်ဒမီဆု ဗန်းကိုင် လျှောက်လွှာများ စတင်ခေါ်ယူနေပြီ ဖြစ်သည်။
    အကယ်ဒမီဆု ဗန်းကိုင် လျှောက်ထားကြမည့် အမျိုးသား/အမျိုးသမီးများသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အသက်(၁၆)နှစ် ပြည့်ပြီး အသက်(၂၅)နှစ် မကျော်လွန်သူဖြစ်ရမည့်အပြင် အိမ်ထောင် မရှိသူ (အပျို/လူပျို) ဖြစ်ရမည်ဟူ၍ အရည် အချင်းများ သတ်မှတ်ထားသည်။ 
    ထို့အပြင် အမျိုးသမီးဖြစ်ပါက အရပ်အမြင့် (ဖိနပ်မပါ) ၅ ပေ ၂ လက်မမှ ၅ ပေ ၈ လက်မ အတွင်းဖြစ်သူ၊ အမျိုးသားဖြစ်ပါက အရပ်အမြင့်(ဖိနပ်မပါ) ၅ ပေ ၆ လက်မမှ ၆ ပေအထိ ဖြစ်ရမည်၊ ကျန်းမာရေး ကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူနှင့် ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်သူများ ဖြစ်ရမည်ဟူ၍ အရည်အချင်းများ သတ်မှတ်ထားပြီး အဆိုပါ အရည်အချင်းနှင့် ကိုက်ညီသောသူများ လျှောက်ထားနိုင်သည်ဟူ၍ အသိပေးထားသည်။
    လျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် နိုဝင်ဘာ ၂၆ ရက်မှ စတင် ထုတ်ယူနိုင်ကြောင်းနှင့် ဒီဇင်ဘာ ၆ ရက် ညနေ ၄ နာရီမတိုင်မီ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။ 
    ထို့အပြင် အရွေးချယ်ခံရသည့် ရွှေကြိုမောင်မယ်များအတွက် ရှေ့ဆက်မည့်  အနုပညာလုပ်ငန်း အစီအစဉ်များ သီးခြားရှိကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အသိပေးထားသည်။
    ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို လာမည့် ၂၀၂၅ နှစ် ဖေဖော်ဝါရီတွင် ကျင်းပရန် စီမံထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက ပြောကြားထားသည်။ နဒီ

Total Views ~ 439

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.