Breaking

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ပဏာမရွေးချယ်ထားသည့် ရွှေကြိုမောင်မယ် ၉၇ ဦးထဲမှ ဆန်ကာတင်လူ ၂၀ ရွေးချယ်သွားမည်

၂၀၂၃ ဒီဇင်ဘာ ၂၄

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ပဏာမရွေးချယ်ထားသည့် ရွှေကြိုမောင်မယ် ၉၇ ဦးထဲမှ ဒုတိယအဆင့် စိစစ်ရွေးချယ်ပွဲကို ဒီဇင်ဘာ ၂၄ ရက်တွင်ဗဟန်းမြို့နယ် ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌဦးအေးကြူလေးက "ဒီနှစ်ကတော့ အကယ်ဒမီပေးပွဲမှာ စိတ်ဝင်တစား အယောက် ရာနဲ့ချီ လာလျှောက်ကြသူတွေထဲက ပထမအဆင့်မှာ ရွှေကြို ၉၇ ဦးရွေးချယ်ခဲ့တယ်။ ဒီနေ့ကတော့ ပဏာမ ဒုတိယအဆင့်ထပ်မံရွေးချယ်တာပေါ့။ အခု ထုတ်လုပ်သူတွေ လာရောက်ကြည့်ရှုကြတာရှိပါတယ်။ ဒီပြိုင်ပွဲကတစ်ဆင့် အနုပညာလမ်းကြောင်းလေး တစ်ခု ပေါ်ထွက်လာကြတာတွေရှိတယ်။ ရွှေကြို ရွေးချယ်မှုအပိုင်းကိုတော့ အကဲဖြတ် အကယ်ဒမီ စိစစ်ရေးအဖွဲ့က အဆင့်ဆင့်ရွေးချယ်ကြတာပါ။ နောက်ဆုံးအဆင့် အယောက် ၂၀ ကို ရွေးချယ်သွားမှာဖြစ်ပါတယ်"ဟုပြောသည်။

ရွှေကြိုရွေးချယ်ရေးကော်မတီတွင် ဝါရင့်အနုပညာရှင်၊ အတတ်ပညာရှင်တွေဖြစ်သည့် အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီအောင်ခိုင် တို့မှ အကဲဖြတ်ရွေးချယ်ပေးချင်းဖြစ်ကြောင်းသိရသည်။ဒုတိယအဆင့်ရွှေကြိုရွေးချယ်ရာတွင် လူဦးရေ ၄၀ကို ဆက်လက်ရွှေးချယ်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်တွင် လူဦးရေ ၂၀ ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကိုလာမည့် ၂၀၂၄ ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရန် လျာထားကြောင်းသိရသည်။

Total Views ~ 318

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.