Breaking

မြန်မာ့လက်ရွေးစင် နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းအား ခန့်အပ်

ရန်ကုန်၊ စက်တင်ဘာ ၁၁
    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၄-၂၅ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေသည့် မြန်မာ့လက်ရွေးစင် အသင်းအတွက် နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းအား စက်တင်ဘာလမှစတင်၍ ခန့်အပ်တာဝန်ပေးလိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
    မြန်မာ့လက်ရွေးစင်အသင်းသည် နည်းပြဦးမျိုးလှိုင်ဝင်း၏ ဦးဆောင်မှုဖြင့် နည်းပြ/အုပ်ချုပ်အဖွဲ့အား ဖွဲ့စည်းပြီးသည်နှင့် စင်ကာပူ၊ လက်ဘနွန်အစရှိသည့် လက်ရွေးစင်အသင်းများအပါအဝင် ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲများ ဦးစွာယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။ 
    ထို့အပြင် AFF Mitsubishi Elec-tric Cup 2024 ပြိုင်ပွဲအား ဒီဇင်ဘာလ ၈ ရက်မှ စတင်ကာ အိမ်ကွင်း/ အဝေးကွင်း အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လမှ စတင်၍ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ်များ၊ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲများ ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
    ဦးမျိုးလှိုင်ဝင်းသည် ၁၉၈၇ ခုနှစ်မှ စတင်ကာ မြန်မာ့လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ကစားသမားဘ၀ အနားယူခဲ့သည်။ ပြည်တွင်း အမှတ်ပေးပွဲများတွင် လည်းကောင်း၊ မလေးရှားလိဂ်၊ ထိုင်းလိဂ်တို့တွင်လည်းကောင်း ပရော်ဖက်ရှင်နယ်အဖြစ် သွားရောက်ကစားခဲ့ပြီး အာ ဆီယံဒေသတွင်း ထင်ရှားသည့် ကစားသမားတစ်ဦး ဖြစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် နည်းပြအဖြစ် အဲပုဂံအသင်းနှင့်အတူ စတင်ခဲ့ပြီး သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်အသင်းများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအား တာဝန်ယူခဲ့ပြီး ကစား သမားဘဝတွင် လည်းကောင်း၊ နည်းပြဘ၀တွင်လည်းကောင်း အောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည်။ 
ထူးမြတ်

Total Views ~ 440

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.