မြန်မာ-အိန္ဒိယ ကုန်သွယ်မှု ယခုဘဏ္ဍာနှစ် ဒီဇင်ဘာအထိ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရှိ

၂၀၂၅ ဇန်နဝါရီ ၂၂

    မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ ဒေါ်လာ ၁ ဒသမ ၂ ဘီ လီယံရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
    ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီ လီယံ ကျော်လွန်နိုင်ကြောင်း ခန့်မှန်းထားသည်။
    မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံကို ပဲမျိုးစုံ၊ ရော်ဘာ၊ ငါး၊ ချုပ်ပြီးအထည်များကို အများဆုံး တင်ပို့နေကာ အိန္ဒိယနိုင်ငံမှ ဆေးဝါး၊ ရေနံထွက်ကုန်ပစ္စည်းများ၊ လျှပ်စစ်နှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများကို အဓိက တင်သွင်းနေကြောင်း သိရသည်။ 
    ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၈၃ သန်းနီးပါး မြှုပ်နှံထားကာ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများအနက် အဆင့် ၁၁ နေရာတွင် ရှိနေကြောင်း သိရသည်။  သက်မှူး

Total Views ~ 391

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.