မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား လေ့ကျင့်ရေး၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၄
    မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား လေ့ကျင့်ရေး၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး အိန္ဒိယနိုင်ငံ National Defence College ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံရာတွင် အထက်ပါအတိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
    စက်တင်ဘာ ၂ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ National Defence Collage မှ အကြီးတန်းနည်းပြအရာရှိ (Senior Dire-cting Staff) ဖြစ်သူ Major General Ajay Kumar Singh, AVSM, SM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
    တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်လေ့ ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ National Defence Collage မှ အကြီးတန်းနည်းပြအရာရှိ (Senior Directing Staff) ဖြစ်သူနှင့်အတူ သင်တန်းသား အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 519

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62641

© 2022 - 2026 News. All Rights Reserved.