မြို့နယ်ပေါင်း ၂၀ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုစတင်

၂၀၂၃ စက်တင်ဘာ ၃
    မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၂၀ တွင် စမ်းသပ်သန်းခေါင်စာရင်းများ အောက်တိုဘာလ ၁ ရက်မှ စတင် ကောက်ယူနေပြီဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
    ယခု စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်အ ဆင့်ဆောင်ရွက်မည့် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ် ငန်းမဆောင်ရွက်မီ တစ်နှစ်အ လိုဖြစ်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံး၌ မြို့နယ် ၂၀ ကို ရွေးချယ်သတ်မှတ်၍ စုစုပေါင်းကောက်ကွက် ၁၀၀ ကို ပြည်လုံးကျွတ်အဆင့် ကောက်ယူမည့် အစီအစဉ်အတိုင်း ကောက်ယူခြင်းဖြစ်ကြောင်း သိရ သည်။
    ယင်းသို့ ဆောင်ရွက်ရာတွင် Mobile Tablet များအသုံးပြုကာ Computer Assisted Personal Interviewing(CAPI) စနစ်ဖြင့် အစုအဖွဲ့အတွက်မေးခွန်း ၁၈ ခု၊ အိမ်ထောင်စုများအတွက် မေးခွန်း ၆၈ ခုကို မေးမြန်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
    "စမ်းသပ် သန်းခေါင်စာရင်းကို တွေ့ရှိရာအရပ်တွင် ကောက်ယူသည့်မူ (De Facto) ဖြင့် ကောက်ယူသွားမှာ ဖြစ်ပါတယ်။ စမ်းသပ်သန်းခေါင်စာရင်းကို နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသော Computer Assisted Personel Interviewing (CAPI) နည်းစနစ်ဖြင့် Mobile Tablet များအသုံးပြုပြီး ကောက်ယူသွားမှာ ဖြစ်ပါတယ်"ဟု နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ရှင်းလင်းဖြေ ကြားထားသည်။  

 လာမည့် ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူ ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါသန်း ခေါင်စာရင်း ကောက်ယူပြီးမှသာ မဲစာရင်း ပြုစုပြီး တစ်နိုင်ငံလုံး၌ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ အသိပေး ကြေညာထားသည်။

Total Views ~ 569

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.