မြွေဆိပ်ဖြေဆေး နည်းပညာမြှင့်တင်ရန် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်

၂၀၂၃ နိုဝင်ဘာ ၂၀
    မြွေဆိပ်ဖြေဆေး နည်းပညာမြှင့်တင်ရန် အပါအဝင် ကာကွယ်ဆေးထိုးခြင်းနှင့် သွေးရည်ကြည် စုဆောင်းခြင်းများကို မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မကြာမီစတင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
    ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် နိုဝင်ဘာ လ ၁၇ ရက်က ဘရာဇီးလ် နိုင်ငံခြားရေး ဝန်ကြီးဌာနလက်အောက်ရှိ ဘရာဇီးလ် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (Brazilian Coo-peration Agency–ABC )၊ အာဖရိက၊ အာရှနှင့် သမုဒ္ဒရာကျွန်းစုဒေသဆိုင်ရာ နည်းပညာ အထွေထွေ ပူးပေါင်းဆောင်ရွက်မှုဌာနခွဲ၏ အကြီးအကဲဖြစ်သူ Mr. Nelci Peres Caixeta  ထံ သွားရောက် တွေ့ဆုံခဲ့သည်။
    တွေ့ဆုံစဉ် ဘရာဇီးလ် ဖွံ့ဖြိုးတိုး တက်ရေးအေဂျင်စီ၏ မူဘောင်အောက်တွင် မြန်မာနှင့် ဘရာဇီးလ်နှစ်နိုင်ငံအကြား လက် မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံတွင် မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရာ၌ အသုံးပြုသော နည်းပညာများ မြှင့်တင်ရေး စီမံကိန်း သဘောတူညီချက်အရ အကောင်အထည် ဖော်ဆောင်မည့် လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံ နည်းပညာ/ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် ဆွေးနွေးဖလှယ်မှု အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
    စီမံကိန်း သဘောတူညီချက်မှ တစ်ဆင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ လမ်းညွှန်ချက်များနှင့် အညီ မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးစက်ရုံ- အင်းစိန်(BPI)နှင့် ဘရာဇီးလ်နိုင်ငံ ဆာ ပိုလိုမြို့အခြေစိုက် Butantan Institute တို့အကြား မြန်မာနိုင်ငံတွင် အရည်အသွေး ပြည့်မီသည့် မြေဆိပ် ဖြေဆေးအပြင် ကာကွယ်ဆေးထိုးခြင်းနှင့် သွေးရည်ကြည်စုဆောင်းခြင်း စီမံချက်များလည်း များမကြာ မီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Total Views ~ 423

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

67242

© 2022 - 2026 News. All Rights Reserved.