Breaking

ယောကျ်ားကောင်းအတောင်နှစ်ဆယ် ရုပ်ရှင်ဇာတ်ကားPress show သို့ တက်ရောက်လာကြသည့် အနုပညာရှင်တို့၏ပုံရိပ်များ

၂၀၂၄၊ ဖေဖော်ဝါရီ ၂၁
ဘုန်းရောင်လျှံ ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ထုတ်လုပ်သည့် ယောကျ်ားကောင်းအတောင်နှစ်ဆယ် ရုပ်ရှင်ဇာတ်ကားကြီး press showကို သမ္မတရုပ်ရှင်ရုံတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့၌ ကျင်းပခဲ့သည်။
အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်သစ်များဖြစ်ကြသည့် ဥာဏ်မင်းဆက်၊ ထူး၊ မျိုးဟန်နီ တို့မှ အဓိကသရုပ်ဆောင်ထားကာ ကောင်းမြတ်၊ အောင်ဇော်မင်း၊ ကျော်ဇေယျ၊ ဟိန်းဇေ၊ မင်းစည်သူ၊ ငွေလှိုင်ထွန်းနှင့် အနုပညာရှင်ပေါင်းများစွာက ဝတ္ထု တင်သန်းဦး၊ဇာတ်ညွှန်း အကယ်ဒမီ ဇော်မြင့်ဦး၊ တွဲဖက်ဒါရိုက်တာ အကယ်ဒမီ G3 ၊ ART ဒါရိုက်တာ ကောင်းမြတ်၊ ဒါရိုက်တာ မောင်တင်ငြိမ်း (ရှုမဝ) မှရိုက်ကူးထားခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် စတင်ပြသမည်ဖြစ်ကြောင်း၊ ဘုန်းရောင်လျှံ ရုပ်ရှင်ထုတ်လုပ်ရေး စီစဉ်သူ အောင်ကျော်ဇာ (ခ) ကိုဂျက်အကောင်းဆုံး အနုပညာရှင်အတက်ပညာရှင်များနှင့်တိုင်ပင်ကာ ယောကျ်ားကောင်းအတောင်နှစ်ဆယ် ရုပ်ရှင်ကိုပုံဖော်ထားခြင်းဖြစ်ကြောင်းသိရသည်။

 

Total Views ~ 649

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61515

© 2022 - 2026 News. All Rights Reserved.