ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်း တိုးမြှင့်ထုတ်လုပ်ရေး ထိုင်း PTTEP နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုး

ရန်ကုန်၊ ဧပြီ ၂၃
    ရတနာကမ်းလွန်စီမံကိန်း သဘာဝဓာတ်ငွေ့မြေတွင် အထွက်နှုန်းကျဆင်းလာခြင်းကို ကုစားနိုင်ရန်အတွက် တိုးမြှင့်သဘောတူညီချက်ကို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်းနှင့် PTTEP International Ltd. တို့အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ 
    ကမ်းလွန်စီမံကိန်းတစ်ခုဖြစ်သည့် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့မြေတွင် အထွက်နှုန်းကျဆင်းလာခြင်းကို ကုစားနိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် PTTEP International Ltd. တို့ အထွက်နှုန်း တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
    ယင်းသို့ ချုပ်ဆိုသည့် စာချုပ်အရ ပိုမိုတိုးမြှင့်ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များကို မြန်မာတွင်သာမက ထိုင်းနိုင်ငံပြည်သူများအနေဖြင့်လည်း မျှဝေသုံးစွဲခွင့်ရရှိ မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်း၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ သက်မှူး

Total Views ~ 372

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63917

© 2022 - 2026 News. All Rights Reserved.