Breaking

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် နယ်လိုင်စင် Taxi များ အဝါရောင်ဘေးလိုင်းစတေကာ တပ်ဆင်ရမည်ဟု YRTC ပြော 

၂၀၂၄ ဇန်နဝါရီ ၂ 
    ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် နယ်လိုင်စင်ဖြင့် မှတ်ပုံတင်ထားသည့် အငှားယာဉ် (Taxi) များလည်း အဝါရောင် လိုင်းဘေးစတေကာတပ်ဆင်ရ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက် အတွင်း ရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
    "အခုစတပ်ဆင်ဖို့ အသိပေးထားတယ်။ သူတို့လည်း ဒီဇန်နဝါရီလ ၃၁ ရက် နောက်ပိုင်းဆိုရင်တော့ မတပ်ရင် အရေးယူ ခံရမှာပေါ့"ဟု ဦးလျန်ကျင့်မန်က ပြောသည်။
    နယ်လိုင်စင်ဖြင့် မှတ်ပုံတင်ထားသည့် အငှားယာဉ် (Taxi) များလည်း အဝါရောင် လိုင်းဘေး စတေကာတပ်ဆင် ဆောင်ရွက်ရန် အသိပေးထားပြီးဖြစ်သည်ဟုလည်း ဦးလျန်ကျင့်မန်က ဆက်ပြောသည်။
    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် City Taxi  ယာဉ်များကို အခြားယာဉ်များနှင့် ကွဲကွဲပြားပြား ထင်သာမြင်သာရှိစေရန် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်၊ နိုင်ငံတကာ Taxi ယာဉ်များ နည်းတူဖြစ်စေရန် စသည့်ရည် ရွယ်ချက်များ ဖြင့် City Taxi  ယာဉ်များ၏ ဘေးနှစ်ဖက်မှာ အဝါရောင် ဘေးလိုင်းစတေကာများ တပ်ဆင်ရန် ညွှန်ကြားထားကြောင်း သိရသည်။
    စီးတီးတက္ကစီယာဉ် (City Taxi) များ၏ ဘေးနှစ်ဖက် ကိုယ်ထည်တွင် အနံငါးလက်မခန့်ရှိ အဝါ ရောင်စတေကာလိုင်းကို အလျားလိုက်ကပ်ရမည်ဖြစ်ပြီး ဘေးစတေကာ၏ တန်ဖိုးမှာ ဒီဇိုင်းညှပ်ခအပါ အဝင် ငွေကျပ် ၅၀၀၀ ခန့်ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
    စီးတီးတက္ကစီယာဉ်များ၌ အဝါလိုင်း စတေကာကပ်ခြင်းကို ယခုနှစ် နိုဝင် ဘာ ၁ ရက်တွင် စတင်ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိကာလအတွင်း YRTC က ကျခံဆောင်ရွက်ပေးမည်ဖြစ်ပြီး  ယာဉ်ပိုင်ရှင်များအနေဖြင့် ၎င်းတို့ဘာသာ ပြင်ပတွင် ပုံစံတူစတေကာ ကပ်ခြင်းနှင့် ဆေးသုတ်ခြင်းတို့ကိုလည်း YRTC က ခွင့်ပြု ထားသည်။
    ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာန(ကညန)တွင် ရန်ကုန်လိုင်စင်ဖြင့်  မှတ်ပုံတင်ထားသည့် YRTC အစီးရေ ကညန မှတ်ပုံတင် YRTC အစီးရေမှာ ၅၈၀၀၀ ကျော် ရှိနေပြီး ၂၀၂၄ ဇန်နဝါရီ ၂ ရက်အထိ အစီး ရေ ၄၂၀၀၀ ကျော်မှာ အဝါရောင် ဘေးလိုင်းစတေကာ တပ်ဆင်ပြီးစီးနေကြောင်း သိရသည်။

Total Views ~ 554

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.