အင်ဒိုနီးရှားနိုင်ငံမှ ပိုလီယိုကာကွယ်ဆေး doses ၂ ဒသမ ၇၁၆ သန်း မြန်မာနိုင်ငံသို့ လှူဒါန်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၅
    အင်ဒိုနီးရှားသမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားရူပီယာ ၈ ဒသမ ၇ ဘီလီယံ တန်ဖိုးရှိ ပိုလီယိုရောဂါကာကွယ်ဆေး (bOPV) ၂ ဒသမ ၇၁၆ သန်း doses လှူဒါန်းလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
    အဆိုပါ လှူဒါန်းသော ပိုလီယိုကာကွယ်ဆေးများသည် ယခုလ ၂၀ ရက် နံနက်ပိုင်းက လေယာဉ်အမှတ် 8M369 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန Director of South East Asia Affairs Mr. Mirza Nurhidayat နှင့် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.M.Arif Hidayatullah တို့မှ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
    အဆိုပါ ကာကွယ်ဆေးများအား ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်း (ရန်ကုန်)သို့ အအေးလမ်းကြောင်းမပျက် ပို့ဆောင်ခဲ့ကြောင်း သိရသည်။  အဆိုပါ ပိုလီယိုရောဂါ ကာကွယ်ဆေးများအား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ ဆောင်ရွက်လျက်ရှိသည့် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး အစီအစဉ်တွင် လည်းကောင်း၊ အမီလိုက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ကာကွယ်ဆေး ထပ်မံတိုက်ကျွေးပေးရန်လိုအပ်သည့် ကလေးငယ်များအတွက် ဆောင်ရွက်မည့် အမျိုးသားကာ ကွယ်ဆေးတိုက်ကျွေးရေး နေ့များအတွက် အသုံးပြုသွားမည်ဖြစ်သည်။  ထူးမြတ်

Total Views ~ 429

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63919

© 2022 - 2026 News. All Rights Reserved.