Breaking

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှ ဆရာတော်ကြီးနှင့် သံဃာတော်များက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း ၆၀၀ ကျော်လှူဒါန်း 

ရန်ကုန်၊ စက်တင်ဘာ ၁၇
    ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံးတော်မူသော အဘိဓဇမဟာရဋ္ဌဂုရု စာသင်တိုက်ပဓာနနာယကဆရာတော်ကြီး  ဘဒ္ဒန္တတိလောကာဘိဝံသနှင့် သံဃာတော်များက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း ၆၀၀ ကျော် လှူဒါန်းခဲ့ကြောင်း ရွာမပရိယတ္တိစာသင်တိုက် အင်းစိန်၏ ထုတ်ပြန်သည့်သတင်းအရ သိရသည်။ 
    "ဆရာတော်ကြီး အမှူးပြုသော စာချစာသင်သံဃာတော် အရှင်မြတ်များက ရေဘေးသင့် ပြည်သူများအတွက် ကာယကံ ကရုဏာ ဗြဟ္မစိုရ်ကုသိုလ်အဖြစ် နဝကမ္မအလှူတော်ငွေ ကျပ်သိန်း ခြောက်ရာ့လေးသိန်းတို့ကိုလည်း သူကိုထူဖေးမကူညီသော မေတ္တာနှလုံးသားဖြင့် လှူဒါန်းကြပါ သည်"ဟု ရွာမပရိယတ္တိစာသင်တိုက်အင်းစိန်က ကြေညာသည်။
    ရွာမပရိယတ္တိစာသင်တိုက်အင်းစိန်၏ ကြေညာထားသော စာရင်းအရလှူဒါန်းငွေ ကျပ်သိန်း ၆၀၀ ကျော်ကို  မြစ်သားဒေသအတွက်သိန်း ၁၅၀၊ ရမည်းသင်းဒေသ အတွက် ၁၃၉ သိန်း၊ ကလော ဒေသအတွက် သိန်း ၆၀၊ သာစည်ဒေသအတွက် ၇၅ သိန်း၊ တပ်ကုန်းဒေသအတွက် သိန်း ၆၀၊ ပျော် ဘွယ်ဒေသအတွက်သိန်း ၆၀၊ တောင်ငူဒေသအတွက်သိန်း ၆၀ ဖြစ်ကြောင်း သိရသည်။
    ထို့အပြင် ရေဘေးသင့် ပြည်သူ များအတွက် ၁၀ သိန်းတန် အပ်စပ်ပစ္စည်း အလှူတော်အဖြစ် ဆရာတော်ကြီးဦးသုမန (ဖားအောက်တောရ၊ ပြင်ဦးလွင်မြို့) ကကာယကံကရုဏာ ဗြဟ္မစိုရ်ကု သိုလ်အဖြစ် နဝကမ္မကျပ်ဆယ်သိန်းကို လှူဒါန်းထားကြောင်း သိရသည်။ ဆက်လက်၍ ရေဘေးသင့် ပြည် သူများအတွက် ၁၀ သိန်းတန် အပ်စပ်ပစ္စည်း အလှူတော်အဖြစ် ဆရာတော်ဦးကုမာရာဘိဝံသ (ဖားအောက်တောရ၊ ပြင်ဦးလွင်မြို့)ကလည်း ရေဘေးသင့်ပြည်သူများအတွက် ကာယကံကရုဏာ ဗြဟ္မစိုရ်ကုသိုလ်အဖြစ် နဝကမ္ပ ကျပ်ဆယ်သိန်းကို လှူတန်းထားကြောင်း ရွာမပရိယတ္တိစာ သင်တိုက် အင်းစိန်က ကြေညာသည်။ ထူးမြတ်

Total Views ~ 329

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.