အမရပူရမြို့နယ်တွင် သိန်း ၁၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

၂၀၂၃ ၊ ဒီဇင်ဘာ ၂၇
    မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ငွေကျပ်သိန်း ၁၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
    ဖြစ်စဉ်မှာဒီဇင်ဘာ ၂၄ ရက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ် ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအ ဖွဲ့သည် သတင်းအရ သက်သေများနှင့် အတူ အမရပူရမြို့နယ်၊ စည်ပင်ကျေးရွာ၊ ၆၁ လမ်း၊ ၁၄၂ x ၁၄၃ လမ်းကြားတွင် ရပ်တန့်ထားသည့် NISSAN အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
    အဆိုပါ ယာဉ်ပေါ်မှ ဖြိုးဝေယံ(ခ)လွန်ပါး၊ ခမ်းလျှင်းမှုံတို့နှင့်အတူ ဘိန်းဖြူအလေးချိန် ၁ ဒသမ ၈၇ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၆၇ ဒသမ ၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀ (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၀၀)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဖြိုးဝေယံ(ခ)လွန်ပါး(၂၈)နှစ်နှင့် ခမ်းလျှင်းမှုံ(၂၃)နှစ်တို့အား မြစ်ငယ်နယ်မြေရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေး ယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။ 

Total Views ~ 480

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62641

© 2022 - 2026 News. All Rights Reserved.