အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံသို့ မြန်မာ့ အထည်အလိပ်

၂၀၂၃၊ ဒီဇင်ဘာ ၁၃
    မြန်မာ့ အထည်အလိပ်ကို အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံသို့ အဓိက တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းကပြောသည်။
    မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ အထည်အလိပ်များအား ပြည်ပတင်ပို့ရာတွင် ဃဏြ စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်မှုမှာ အများဆုံးဖြစ်ပြီး ကုန်ခဲ့သည့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် အထည်ချုပ်လုပ်ငန်း မှ နိုင်ငံပေါင်း ၁၀၀ ကျော်သို့ တန်ဖိုး အမေရိကန် ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
    CMP စက်ရုံများမှ လိုအပ်နေသည့် အထည်အလိပ်ကုန်ကြမ်းများကို လုပ်ငန်းအပ်နှံသည့်နိုင်ငံ များက တရုတ်နိုင်ငံမှတစ်ဆင့် ကုန်ကြမ်းအဓိကတင်သွင်းလျက်ရှိပြီး ယခုနှစ်အထည်အလိပ်ကုန်ကြမ်း တန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် တင်သွင်းခဲ့ရာတွင် တရုတ်နိုင်ငံမှ တင်သွင်းမှုမှာ ရာခိုင် နှုန်း ၉၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် CMP လုပ်ငန်းများ၏ ကုန်ကြမ်း ပစ္စည်းတင်သွင်းမှုနှင့် ကုန်ချောပစ္စည်းတင်ပို့မှုကို အဆင်ပြေစေရေးအတွက် Myanmar Tradenet 2.0 online System ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆိုသည်။
    ယခုနောက်ပိုင်းနှစ်များတွင် မြန်မာ့အထည်အလိပ်လုပ်ငန်းများကို ကမ္ဘာ့နိုင်ငံအသီးသီးမှ စိတ်ဝင်စားမှုမြင့်တက်လာ လျက်ရှိပြီး မြန်မာ့အထည်ချုပ်လုပ်ငန်းများသည်လည်း နိုင်ငံတကာအ ထည်ချုပ်လုပ်ငန်း ပြပွဲများတွင် ဝင်ရောက်ပြသခြင်းများဆောင် ရွက်နေသလို ပြည်တွင်းတွင်လည်း အထည်ချုပ်ကဏ္ဍတိုးမြင့်လာရန် ပြပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသည်။

Total Views ~ 718

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.