Breaking

အမျိုးသားကင်ဆာရောဂါကုသရေးဌာန(ဒဂုံဆိပ်ကမ်း)တွင် တစ်ရက်လျှင် ကင်ဆာလူနာ ၅၀ မှ ၁၀၀ အထိ ကုသမှုပေးနိုင်မည့် ကုသစက်သစ် Linear Accelerator တပ်ဆင်ထား

ရန်ကုန်၊ အောက်တိုဘာ ၉
    ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ် ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါ ကုသရေးဌာန (National Cancer Institute-NCI) တွင် တစ်ရက်လျှင် ကင်ဆာလူနာ ၅၀ မှ ၁၀၀ အထိ ကုသမှုပေးနိုင်မည့် ကင်ဆာရောဂါ ကုသစက်သစ် Linear Accelerator  တပ်ဆင်ထားကြောင်း သိရသည်။
    ယခုတပ်ဆင်ပြီးဖြစ်သည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသစက်သစ် Linear Accelerator ဖြင့် တစ်ရက်လျှင် ကင်ဆာလူနာ ၅၀ မှ ၁၀၀ အထိ ကုသမှုပေးနိုင်မည်ဖြစ်ပြီး ထပ်မံ၍ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသစက်သစ်နှစ်လုံး တပ်ဆင်ပြီးပါက ယခုနှစ် ဒီဇင်ဘာလမှစတင်၍ တစ်ရက်လျှင် စုစုပေါင်းလူနာ ၂၀၀ အထိ ဓာတ်ရောင်ခြည်ဖြင့် ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက အမျိုးသားကင်ဆာ ရောဂါကုသရေးဌာနသို့ အောက်တိုဘာ ၆ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
    အမျိုးသားကင်ဆာရောဂါကုသ ရေးဌာနတွင် ယခုအခါ ဓာတ်ရောင်ခြည် ကုသစက်များနှင့်အတူ တွဲဖက်အသုံးပြုရမည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုအထောက် အကူပြုစက်(CT Simulator) တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး မကြာမီပြီးစီးမည်ဖြစ်၍ အောက်တိုဘာလ တတိယပတ်မှစ၍ ကနဦးလက်တွေ့ သင်ကြားကုသမှု စတင်နိုင်မည်ဖြစ်ကြောင်း၊ ထို့နောက် လူနာသစ်များကို ကုသမှုပေးနိုင်ရန် စီစဉ်လျက်ရှိ ကြောင်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
    အောက်တိုဘာလမှ စတင်၍ လူနာများ ဘေးကင်းလုံခြုံစိတ်ချစွာဖြင့် စိတ်အေးချမ်းသာစွာ ကုသနိုင်ရန်အတွက် အစစအရာရာ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ထားရှိရန်၊ လိုအပ်သော လူ့စွမ်းအားအရင်းအမြစ် ပြည့်ဝစွာထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက မှာကြားခဲ့သည်။ နဒီ

Total Views ~ 476

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.