Breaking

အာကာသနည်းပညာ ပူးပေါင်းမှုတိုးမြှင့်ရန် ရုရှားနှင့်မြန်မာ ဆွေးနွေး

ရန်ကုန်၊ မေ ၂၁
    မြန်မာနှင့် ရုရှား နှစ်နိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Space Corporation  မှ ဒုတိယညွှန်ကြားရေး မှူးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
    မေလ ၁၉ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံစဉ် အာကာသ နည်းပညာနှင့်သက်ဆိုင်သည့် ပညာတော်သင်များ စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
    တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုး အောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Space Corporation မှ ဒုတိယညွှန်ကြား ရေး မှူးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး ံ. H.E. Mr. Iskander Azizov နှင့် ကိုယ်စား လှယ်အဖွဲ့ဝင်များတက် ရောက်ခဲ့ကြောင်း သိရသည်။

Total Views ~ 810

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59703

© 2022 - 2026 News. All Rights Reserved.