အိန္ဒိယစက်မှုလုပ်ငန်းရှင်များ မြန်မာနိုင်ငံလာရောက် ရင်းနှီးမြှုပ်နှံရေး ဆွေးနွေးဖိတ်ခေါ်ထား

၂၀၂၄ ၊ ဇန်နဝါရီ ၂၃
    အိန္ဒိယနိုင်ငံရှိ စက်မှုလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးကိစ္စ ရပ်များနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်၍ ဆွေးနွေးညှိနှိုင်းခဲ့ပြီး ဖိတ်ခေါ်ထားကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ သို့ရောက်ရှိစဉ် ဂူဂျာရတ်ပြည်နယ် ကုန်သည်များနှင့်စက်မှုလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဇန်နဝါရီ ၁၉ ရက်က တွေ့ဆုံ၍ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ရေး၊ အိန္ဒိယနိုင်ငံရှိ စက်မှုလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။
    ထို့အပြင် ကိုလ်ကတ္တားမြို့တွင် ဘန်ဂေါပြည်နယ်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ဆေးဝါးကုသမှုလုပ်ငန်းများ အကျိုးတူဆောင်ရွက်ရေး၊ ဆိုလာတပ်ဆင် ရေးလုပ်ငန်းများဆောင်ရွက်ရေး၊ ပညာတော် သင်စေလွှတ်ရေး၊ အလိုအလျောက် ထိန်းချုပ်မောင်းနှင်ရေးစနစ်များကို ပြုပြင်ထိန်းသိမ်းမည့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရေး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ သံမဏိထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များကို အကူအညီပေးရေးစသည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုလ်ကတ္တားမြို့မှ မော်တော်ယာဉ်များဖြင့် Duragapur သံမဏိစက်ရုံသို့ သွားရောက်၍ Duragapur သံမဏိစက်ရုံဆိုင်ရာ အချက်အလက်များ၊ Duragapur စက်ရုံတည် ဆောက်ခဲ့မှုနှင့်နှစ်အလိုက် ပြောင်းလဲတိုးတက်လာမှု၊ စက်ရုံအနေဖြင့် တစ်နှစ်လျှင် သံမဏိတန်ချိန် နှစ်သန်းကျော် ထုတ်လုပ်နေ မှု၊ အိန္ဒိယသမ္မတနိုင်ငံသည် တစ်နှစ်လျှင် သံမဏိတန်ချိန် သန်း ၁၀၀ ကျော် ထုတ်လုပ် လျက်ရှိသဖြင့် ကမ္ဘာပေါ်တွင် ဒုတိယမြောက် သံမဏိအများဆုံး ထုတ်လုပ်နေမှုအခြေအနေ၊ စက်ရုံအတွက်လိုအပ်သော ကုန်ကြမ်း(Scrap)များရရှိမှု၊ လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်မွေးမြူနေမှု၊ စက်ရုံအတွင်း၌ Liquid Steel ထုတ်လုပ်ပေးနေသည့် Blast Furnaces ? Liquid Steel များကို Converter မှ တစ်ဆင့် စတုရန်းပုံ Steel Billet နှင့် စတုဂံပုံ Bloom ထုတ်လုပ်နေမှု၊ မီးရထားသံဘီးများနှင့် အခြားဘီးများ ထုတ်လုပ်နေမှု၊ Section Mill တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး Steel Structural များ ထုတ်လုပ်နေမှု၊ အမီဒါဘတ်မြို့ရှိ Intas Pharmacetutials Ltd,.  သို့သွားရောက်၍ စက်ရုံအတွင်း ဆေးဝါးများထုတ်လုပ်နေသည့် နည်းစဉ်အဆင့်ဆင့်တို့ကို လေ့လာ ကြည့်ရှုခြင်း၊ ဂူဂျာရတ် ပြည်နယ်ရှိ Arvind အထည်အလိပ်စက်ရုံ သို့သွားရောက်၍  လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ အထည်အလိပ်များ ထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို  လေ့လာခဲ့ကြကြောင်း သိရသည်။  

Total Views ~ 407

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.