Breaking

အိန္ဒိယသံရုံးမှ ရန်ကုန်ဆေးရုံကြီးသို့ ကင်ဆာကုသစက် Bhabhatron II  လှူဒါန်း

ရန်ကုန်၊ ဇူလိုင် ၂၃
    မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Abhay Thakur မှ  အဆင့်မြင့် Telecobalt ကင်ဆာကုထုံးစက် Bhabhatron II နှင့် Digital Radiotherapy Simulator အား မြန်မာနိုင်ငံရှိ ပြည်သူများ အသုံးပြုနိုင်ရန်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့  လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
    Bhabhatron II သည် အထူးကုသရန် လိုအပ်နေသော ကင်ဆာဝေဒနာရှင်များအား ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းအတွက် နောက်ဆုံးပေါ်နှင့် အထိရောက်ဆုံး နည်းပညာဖြစ်ကာ ဘက်စုံအသုံး ပြုနိုင်ပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းအသီးသီးတွင် ကင်ဆာရောဂါကို ကုသနိုင်စေကာ အိန္ဒိယနိုင်ငံနှင့် နိုင်ငံတကာရှိ ကင်ဆာဌာန အသီးသီးတွင် အသုံးပြုကုသနေသောစက်ဖြစ်ကြောင်း သိရသည်။ လှူဒါန်း မှုမှာ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုဘ၀ ကျန်းမာပျော်ရွှင်ခြင်းတို့ ပိုမိုတိုးတက်လာစေရန် အိန္ဒိယနိုင်ငံ၏ အကူအညီဖြစ်ကြောင်း သိရသည်။
    ထို့အပြင် အိန္ဒိယ၏ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အိန္ဒိယနိုင်ငံသည် မိတ်ဆွေအိမ်နီးချင်း နိုင်ငံများအတွက် စီမံကိန်းဆိုင်ရာ လုပ်ငန်းများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၎င်းင်းစီမံကိန်းများမှတစ်ဆင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အိန္ဒိယနိုင်ငံသည် ရန်ကုန်သာမက မန္တလေး၊ မုံရွာ၊ စစ်တွေနှင့် နေပြည် တော်တို့တွင်ရှိသော ဆေးရုံများအား ဆေးဘက်ဆိုင်ရာ ကိရိယာများ ထောက်ပံ့ပေးပြီး ကျန်းမာရေး ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေး အကူအညီများကို တိုးမြှင့်ပေးမည်ဖြစ်ကြောင်း သံရုံးမှ ထုတ်ပြန်ထားသည်။

Total Views ~ 449

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.