၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီလတွင် ကျင်ပရန်လျာထား

၂၀၂၃ ဒီဇင်ဘာ ၂၀

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူ းချွန်ဆုပေးပွဲကို လာမည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပသွားရန် လျာထားကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး(ဗဟို)မှသိရသည်။

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် လက်ရှိတွင်ရွှေကြိုမောင်မယ်လျှောက်ထားသူများ ရွေးချယ်လျက်ရှိကာ ပဏာမ လူတွေ့စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး(ဗဟို) တွင်ကျင်းပခဲ့ကြောင်း၊

အဆိုပါ ရွှေကြိုမောင်မယ်လျှောက်သူများကို လျှောက်လွှာအမှတ်စဉ် ၀၀၁ ကနေ ၂၁၆ အထိတစ်ပိုင်း လျှောက်လွှာ အမှတ်စဉ် ၂၁၇ ကနေ ၃၃၅ အထိ တစ်ပိုင်း နှစ်ပိုင်းခွဲပြီး ကျင်းပခဲ့ခြင်းဖြစ်ကာ ၂၀၂၃ ခုနှစ် အကယ်ဒမီ ဗန်းကိုင် ရွှေကြိုအမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၀ ဦးစုစုပေါင်း အယောက် ၂၀ ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။

ရွှေကြိုရွေးချယ်ရေးကော်မတီအနေဖြင့် ဝါရင့်အနုပညာရှင်၊အတတ်ပညာရှင်များဖြစ်သည့် အကယ်ဒမီ ရန်အောင်၊ အကယ် ဒမီ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီအောင်ခိုင် စသည့်တို့မှ အကဲဖြတ်ရွေးချယ်ပေးခဲ့ကြောင်းသိရသည်။

၂၀၂၃ ခုနှစ် မတ်လ ၆ ရက်နေ့တွင်ကျင်းပခဲ့သည့် ၃ နှစ်စာမြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ၂၀၁၉ ၊ ၂၀၂၀ ၊ ၂၀၂၁ ခုနှစ် သုံးနှစ်စာပေါင်းပြီး နေပြည်တော်မြို့ လေဟာပြင်ဇာတ်ရုံမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကာ၊သုံးနှစ်စာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကယ်ဒမီဆုဗန်းကိုင်ခေါ်ယူခဲ့ရာတွင် ရွှေကြိုလာရောက်လျှောက်ထားသူ ဦးရေ ၁၈၀ ခန့်ထိ ရှိခဲ့ရာမှ၂၂ ဦးကို စိစစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။

Total Views ~ 694

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.