၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မကွေးတိုင်းဒေသကြီးမှ နိုင်ငံတော်အဆင့် Top Ten ဆုရရှိသူ နှစ်ဦးအပြင် ဘာသာစုံဂုဏ်ထူးရှင်များစွာ မွေးထုတ်ပေး

နေပြည်တော်၊ ဇူလိုင် ၂၃
    ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မကွေးတိုင်းဒေသကြီးမှ နိုင်ငံတော်အဆင့် Top Ten  ဆု ရရှိသူနှစ်ဦးအပြင် ဘာသာစုံဂုဏ်ထူးရှင်များစွာ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှသိရသည်။ 
    ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း မကွေးတိုင်းဒေသကြီးအနေဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံး၊ ပထမအဆင့် ထပ်မံရရှိရေးအတွက်  တက်ရောက်လာသည့် တာဝန်ရှိသူများအနေဖြင့် အတူလက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း တိုင်ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ပြောသည်။ 
    "တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတာက စည်းကမ်းနည်းလမ်း တိတိကျကျနဲ့  တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကျင်းပတဲ့ တစ်ခုတည်းသော ပညာအရည်အချင်း စစ်ဆေးတဲ့စာမေးပွဲဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်သူတွေက ဘဝရဲ့ ပထမအဆင့် အခက်အခဲတစ်ခုကို ကျော်လွှား အောင်မြင်နိုင်ပြီဖြစ်ပြီး ဘဝကို ထူထောင်ရေးအတွက် လမ်းစပွင့်သွားပြီလည်း ဖြစ်ပါတယ်"ဟု ၎င်း ကပြောသည်။
    ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မကွေးတိုင်းဒေသကြီးမှ ဝင်ရောက် ဖြေဆိုသူ ၉၄၇၀ ရှိပြီး အောင်မြင်သူ ၆၀၇၃ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်း အနေဖြင့် ၆၄ ဒသ မ ၁၃ ရာခိုင်နှုန်းရှိပြီး ခြောက်ဘာသာ ဂုဏ်ထူးရှင် ၄၅ ဦး၊ ငါးဘာ သာဂုဏ်ထူး ရှင် ၅၃ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၉၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၃၉ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၅၇ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၅၈၇ ဦး စုစုပေါင်း ဂုဏ်ထူးရရှိသူ ၁၁၇၃ ဦးရရှိသည့်အပြင် နိုင်ငံတော်အဆင့် Top Ten  ဆုရရှိသူ နှစ်ဦးကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်။

Total Views ~ 368

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60614

© 2022 - 2026 News. All Rights Reserved.