Breaking

“The Great Oriental River” ရုပ်ရှင်ဇာတ်ကားကြီးအတွက် မြန်မာနိုင်ငံကိုယ်စားပြု ဖိတ်ခေါ်ထား

၂၀၂၄ ဇန်နဝါရီ ၂၃

“The Great Oriental River” လန်ချန်း - မဲခေါင် ဒေသတွင်းနိုင်ငံများ ပူးပေါင်းရိုက်ကူးထုတ်လုပ်မည့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် မြန်မာနိုင်ငံကိုယ်စားပြု ရိုက်ကူးထုတ်လုပ်မည့်သူများကို ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အသိပေးထားသည်။

ရုပ်ရှင်ဇာတ်ကား ပူးပေါင်းရိုက်ကူးထုတ်လုပ်မှု စီမံကိန်းကို လန်ချန်း-မဲခေါင် ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့တွင် တစ်နိုင်ငံလျှင် မိနစ် (၂၀) စာ ဇာတ်လမ်းတစ်ခု ရိုက်ကူးပေးရမည်ဖြစ်ကြောင်း သိရသည်။

ယင်းမိနစ် (၂၀) စာ ဇာတ်လမ်းအတွက် ရိုက်ကူးထုတ်လုပ်မှု ကုန်ကျစရိတ်ကို သတ်မှတ်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဇာတ်လမ်းကို မိမိတီထွင်ဖန်တီးမှုနှင့် လွတ်လပ်စွာရေးသားနိုင်သော်လည်း သတ်မှတ်ထားသည့် Theme ဖြစ်သည့် Shared River ၊ Shared Future ကို မသွေဖယ်ရမည့်အပြင် တရုတ်နိုင်ငံနှင့်ယှဉ်ကျေးမှုဖလှယ်ခြင်း၊ ချစ်ကြည်ရင်းနှီးမှုကို အခြေခံခြင်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပုံဖော်ခြင်းစသည့် ဇာတ်ကွက်များပါဝင်ရမည်ဖြစ်ကာ စိတ်ဝင်စားသည့်ဒါရိုက်တာများ၊ ရုပ်ရှင်ထုတ်လုပ်ရေး၊ ရုပ်မြင်သံကြားလိုင်းများအနေဖြင့် Script Treatment ၊ Story Board တို့နှင့်အတူ မတ်လ (၅) ရက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 581

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59704

© 2022 - 2026 News. All Rights Reserved.